Home
မြန်မာသတင်း
ကျိုင်းတုံမြို့အနီး ရစ်ချ်တာစကေး ၆ ဒသမ ၁ ရှိ အင်အားပြင်း မြေငလျင်လှုပ်
DVB
·
July 22, 2022

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့အနီး ဗဟိုပြုပြီး  အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းထန်တဲ့ မြေငလျင်တခု  ဇူလိုင် ၂၁ ရက်ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

မနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီ  ၃၇ မိနစ် ၂၆ စက္ကန့် အချိန်က ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့ဘက် ၁၈ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကျိုင်းတုံမြို့ရဲ့ အရှေ့ဘက် ၁၇ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁ ဒသမ ၂၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၉ ဒသမ ၈၆)ဒီဂရီ၊ အနက် (၈)ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားလို့ ဆိုပါတယ်။

ဒီမတိုင်ခင် မြန်မာစံတော်ချိန် မနေ့ည  ၁၁ နာရီ  ၁၀ မိနစ်၊  ၈ စက္ကန့် အချိန်ကလည်း ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၂၁ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကျိုင်းတုံမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ အနက် ၆ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှု သတင်းတွေကတော့ မရရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024