Home
မြန်မာသတင်း
ဧပြီလ ၅ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
April 5, 2014
ဧပြီလ ၄ ရက်နေ့ မနက် ၇ နာရီ မိနစ် ၃၀ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ် နေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်နည်းငယ်ဖြစ်ထွန်းနေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ အတောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်း နေတာကို တွေ့ရှိရပါတယ်။ ဧပြီလ ၅ ရက်နေ့အတွက် မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက် အနေနဲ့ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာရှိနိုင်ပြီး လှိုင်း အမြင့် ၁ ပေကနေ ၃ ပေလောက်မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ weather05042014ဧပြီလ ၅ ရက်နေ့အတွက် ခရမ်းလွန်ရောင်ခြည် မြင့်တက်နိုင်မှုကတော့ မြိတ်မြို့မှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၄.၁၊ ကော့သောင်းမှာ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း ၁၃.၅ ၊ မြစ်ကြီးနားမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၈ လောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ၉ ကနေ ၁၂ လောက်ထိမြင့်တက်နိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည်မြင့်တက်မှုဟာ လွန်ကဲအဆင့်ကို ရောက်နိုင်တဲ့အတွက် မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီအတွင်း နေပူထဲကို မထွက်ဖို့ အလွန်အရေးကြီးပါတယ်။ တကယ်လို့ မဖြစ်မနေ သွားရတဲ့ အခါမှာလည်း ထီး၊ ဦးထုပ်၊ အကျီလက်ရှည်၊ နေကာမျက်မှန်တွေ ၀တ်ဆင်ပြီး သွားလာကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဧပြီလ ၅ ရက်နေ့အတွက် နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မှာနေ့အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ် ကနေ ၃၄ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၅ ဒီဂရီစင်တီဂရိတ် ကနေ ၄၀ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။ ဧပြီလ ၅ ရက်နေ့အတွက် မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်း ကနေ ၃၅ ရာခိုင်နှုန်းလောက်သေချာ မှုရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အနောက်ပိုင်း၊ တနင်္သာရီတောင်ပိုင်းမှာ မှာ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထား ပါတယ်။ ဧပြီလ ၅ ရက်နေ့အတွက် မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်မှာ မိုးရွာဖို့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပြီး နေရာကွက် ကြား မိုးထစ်ချုန်းရွာနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ အများအားဖြင့်သာယာ နိုင်ပါတယ်။ ဧပြီလ ၅ ရက်နေ့အတွက် မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ ဧပြီလ ၄ ရက်နေ့ မနက် ၈ နာရီခွဲ အချိန်ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရပါတယ်။ ဧပြီလ ၅ ရက်နေ့အတွက် နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၉ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။ ဧပြီလ ၄ ရက်နေ့ မနက်၈နာရီခွဲ အချိန်ဖမ်းယူထားတဲ့ တိမ်ပုံမှာဆိုရင် ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ တိမ်ကင်းစင်နေတာကို တွေ့ရှိရပါတယ်။ ဧပြီလ ၅ ရက်နေ့အတွက် ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။ ဧပြီလ ၄ ရက်နေ့ မနက် ၈နာရီခွဲအချိန် ဖမ်းယူထားတဲ့တိမ်ပုံမှာဆိုရင် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ ဧပြီလ ၅ ရက်နေ့အတွက် မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ အများအားဖြင့်သာယာနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024