DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ဒုဗိုလ်မှူးကြီး ၆ ဦးကို ဗဟိုဘဏ်တွင် ခန့်အပ်တာဝန်ပေး
DVB
·
July 22, 2022
စစ်တပ်က ဒုဗိုလ်မှူးကြီး ၆ ဦးကို ဗဟိုဘဏ်တွင် ခန့်အပ်တာဝန်ပေး
Donate to DVB

မြန်မာ့စီးပွားရေးအခြေအနေ ကမောက်ကမဖြစ်အောင် ညွှန်ကြားချက်တွေ ထုတ်ပြန်နေတဲ့ စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်မှာ ပြီးခဲ့တဲ့ဇွန်လ ကတည်းက စစ်တပ်က ဒုတိယဗိုလ်မှူးကြီး ၆ ယောက်ကို  ခန့်အပ်တာဝန်ပေးခဲ့တယ်လို့  ဗဟိုဘဏ်အမိန့်စာအရ သိရပါတယ်။

မြန်မာနိုင်ငံပြန်တမ်းဖော်ပြချက်အရ ဒုတိယဗိုလ်မှူးကြီး ၆ ယောက်ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ်ရုံးက လွှဲပြောင်းပေးလို့ ဇွန် ၆ ရက် မနက်ပိုင်းကစပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ ဒုတိယညွှန်ကြားရေးမှူးရာထူးနဲ့ ခန့်အပ်လိုက်တာလို့ သိရပါတယ်။

ဇွန်လ ၁၀ ရက်နေ့မှာ ဗဟိုဘဏ်က ညွှန်ကြားရေးမှူး ၂ ယောက်ကို ဒုတိယညွှန်ကြားရေးမှူးအဖြစ် ဗဟိုဘဏ်ဥက္ကဋ္ဌက ရာထူးတိုးပေးလိုက်ပြီး သူတို့နေရာမှာ ဒုတိယညွှန်ကြားရေးမှူး ၂ ယောက်ကို ရာထူးတိုး တာဝန်ပေးလိုက်ပါတယ်။

စစ်ကောင်စီက ဒုတိယဗိုလ်မှူးကြီးတွေ ရောက်လာတဲ့ ဗဟိုဘဏ်ဟာ ပြည်ပကနေချေးယူထားတဲ့ ငွေတွေကို ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားဖို့ ဇူလိုင် ၁၃ ရက်က အမိန့်ထုတ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်နေတဲ့ ကုမ္ပဏီတွေကို နိုင်ငံခြားသုံးငွေကန့်သတ်ချက်ကနေ ကင်းလွတ်ခွင့်ပြုထားတာကိုလည်း ပြန်ပယ်ဖျက်လိုက်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေရဲ့ ဘဏ်စာရင်းထဲက ဒေါ်လာတွေကို မြန်မာငွေနဲ့ မဖြစ်မနေလဲပစ်ဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ အဲဒီဒေါ်လာတွေကို ၁၈၅၀ ကျပ်နှုန်းနဲ့ပဲ လဲလှယ်ပေးမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး အခုလို အခြေအနေတွေကြောင့် ပြင်ပမှာ တဒေါ်လာကို ၂၃၀၀ ကျပ်အထိ ဈေးတက်နေပြီဖြစ်ပါတယ်။

ဘဏ်တွေမှာ အပ်ထားတဲ့ငွေတွေကို လိုသလောက်ပြန်မထုတ်ပေးတာ၊ ဘဏ်စာရင်းတွေမှာရှိနေတဲ့ နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေနဲ့ ဈေးနှိမ်လဲလှယ်ပစ်တာ၊ နိုင်ငံခြားကနေ ချေးယူထားတဲ့ငွေတွေကို ပြန်မဆပ်တာ စတာတွေကြောင့် လက်ရှိမှာ ပြည်တွင်းစီးပွားရေးရော ပြည်ပနဲ့ ကုန်သွယ်တာမှာပါ ကမောက်ကမတွေဖြစ်ပြီလို့ သက်ဆိုင်ရာဈေးကွက်တွေဆီက သိရပါတယ်။

ဒါပေမဲ့ ဒီအကျပ်အတည်းတွေရဲ့ ဒဏ်ကို အခြေခံလူတန်းစားတွေကပဲ ပိုပြီးခံစားကြရတယ်လို့ စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံသားများဘဏ်ကတော့ ဒီကာလမှာ ချေးငွေနဲ့ အပ်ငွေတွေ ကျဆင်းပြီး ဘဏ်အရွယ်အစားနည်းနည်းကျခဲ့ပေမယ့် အတိုးရငွေ၊ အခြားဝင်ငွေတွေ သိသိသာသာတိုးလာသလို ဘဏ်မှာထားတဲ့ ငွေသားလည်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ၂၀၂၀-၂၁ နဲ့ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာ အမြတ်အစွန်းလည်း ပိုရလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013