Home
မြန်မာသတင်း
ရခိုင်မှ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ကုန်တင်ပို့မှု ကျဆင်း
DVB
·
July 21, 2022
Bangaladash Border Trade camp

ရခိုင်ပြည်နယ် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းနဲ့ စစ်တွေရွှေမင်းဂံ ကုန်သွယ်ရေးစခန်းတို့မှ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့မှု ကျဆင်းနေတယ်လို့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

စစ်တွေကုန်သည်များအသင်းမှ ကိုအောင်အောင်က “ဟုတ်တယ်။ ကုန်တင်ပို့မူက မေလထက် ဇွန်လမှာ နည်းနည်းကျဆင်းသွားတယ်။ မိုးရာသီဆိုတော့ စစ်တွေဘက်က ခရီးဝေးတော့ ကုန်တင်ပို့မှု တော်တော်လေးကျသွားတယ်။ မောင်တောဘက်ကတော့ မကျဘူး” လို့  ပြောပါတယ်။

၂၀၂၂ ခုနှစ် မေလအတွင်း ရခိုင်ပြည်နယ်မှ ဘင်္ဂလားဘက်ကို ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ၅၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ဇွန်လမှာတော့ ဒေါ်လာ ၂ ဒသမ ၉၀ သန်းဖိုးသာ ကုန်တင်ပို့ခဲ့တာကြောင့် ကုန်တင်ပို့မူ ဒေါ်လာ ၆ သိန်း ၆ သောင်း ကျဆင်းသွားတယ်လို့ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေက သိရပါတယ်။

အခုလို ကုန်တင်ပို့ ကျဆင်းသွားရတာဟာ ပို့ကုန်ပမာဏအားလုံးအား ဗဟိုဘဏ်က သတ်မှတ်တဲ့ ဒေါ်လာဈေးအတိုင်း လှည့်ပေးနေရပြီး ဘဏ်တွေက ငွေသားအပြည့်အဝ ထုတ်မပေးနိုင်တာတွေကြောင့်လည်း ပါတယ်လို့ ကိုအောင်အောင်က ပြောပါတယ်။

“ဒေါ်လာကိစ္စကလည်း အတိုင်းအတာတခုထိ သက်ဆိုင်တယ်။ ဒေါ်လာကို ဘဏ်မှာ သွင်းလိုက်တဲ့အခါ ဘဏ်က ငွေသားတွေ လွယ်ကူစွာထုတ်မပေးနိုင်ကြတော့ ငွေလည်ပတ်မှု ခက်သွားပြီး အပြင်စျေးကွက်ထဲ ရောက်သွားတဲ့သဘောရှိတယ်။ ဒေါ်လာကို မသွင်းမနေရဆိုတော့ ပိုခက်ခဲသွားတာပေါ့။”

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဒေါ်လဲငွေလဲနှုန်း နှုန်းသေ သတ်မှတ်ချက် ကျပ် ၁၈၅၀ နဲ့ ပြင်ပဒေါ်လာ ပေါက်စျေး ကွာဟချက်များနေတာကြောင့် ကုန်သည်တွေ အခက်တွေ့ကြရပြီး အခု ဇူလိုင်လမှာ ပို့ကုန်တင်ပို့မှု ပိုမိုကျဆင်းလာနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024