DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူမြို့နယ်က စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ခန့် အရေးပေါ်အကူညီလိုအပ်
DVB
·
July 21, 2022
ဆိပ်ဖြူမြို့နယ်က စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ခန့် အရေးပေါ်အကူညီလိုအပ်
Donate to DVB

ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ၁၀,၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်ထဲကို ဇူလိုင် ၇ ရက်နေ့ကစလို့ စစ်ကောင်စီတပ်တွေ အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်လောက်က ဒေသခံပြည်သူ ၁၀၀၀၀ ကျော်လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့  အိုင့်ကြီးကျေးရွာနေသူ တယောက်က ပြောပါတယ်။

“ထွက်ပြေးတိမ်းရှောင်တဲ့ နေရာတွေမှာလည်း ဒုက္ခတော်တော်များပါတယ်။ ပထမ ရှောင်တိမ်းနေတဲ့နေရာကို စစ်ကြောင်းထိုးလာလို့ နောက်ထပ်ထွက်ပြေးရသေးတယ်။ စားနပ်ရိက္ခာတွေလည်း ပါမလာကြဘူး။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက စားရေးသောက်ရေနဲ့ နေရာထိုင်ခင်းတွေ စီစဥ်ပေးထားတယ်။”

စစ်ကောင်စီတပ်ထိုးစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ပြည်သူတွေကို ဘေးလွတ်ရာနေရာတွေ ရွှေ့ပြောင်းပေးပြီး နေရာထိုင်ခင်းတွေနဲ့ စားနပ်ရိက္ခာတွေ  စီစဥ်ပေးထားရတယ်လို့ ဆိပ်ဖြူ ဘာမထီပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ခွဲမှူး ကိုပိုင်က ပြောပါတယ်။

သက်ကြီးဘိုးဘွားတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို ကားတွေနဲ့ ရွှေ့ပြောင်းပေးခဲ့ရပြီး ကားသွားလို့မရတဲ့ ကျေးရွာတွေမှာတော့ ကျောပိုးပြီး သယ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ အဝတ်အထည်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေလို့ ပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေတဆင့် မိမိတို့တပ်နိုင်သရွေ့ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ခု နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့အထိ နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ ၇၈၃,၄၀၀ ရှိတယ်လို့ UN OCHA Myanmar က ဇူလိုင် ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013