DVB Logo
Home
မြန်မာသတင်း
ထိုင်းဘတ်ငွေစျေးထိုးတက်နေသဖြင့် မြန်မာပြည်တွင်း ထိုင်းထုတ်ကုန်ပစ္စည်း ဈေးထပ်မြင့်လာနိုင်
DVB
·
July 20, 2022
ထိုင်းဘတ်ငွေစျေးထိုးတက်နေသဖြင့် မြန်မာပြည်တွင်း ထိုင်းထုတ်ကုန်ပစ္စည်း ဈေးထပ်မြင့်လာနိုင်
Donate to DVB

ဒေါ်လာစျေးနဲ့အပြိုင် ထိုင်းဘတ်ငွေစျေး စံချိန်တင် မြင့်တက်လာခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး ထိုးကျနေပါတယ်။

မြဝတီနယ်စပ်ငွေကြေး ရောင်းဝယ်မှု ဈေးကွက်မှာ  ပြီးခဲ့တဲ့ တပတ်က ပေါက်စျေးဟာ မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ  ၁၆၇၅ ဘတ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာကနေ အခုဇူလိုင်လ ၂၀ ရက်နေ့မှာ မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၆၀၀ ဘတ်အထိ ဖြစ်သွားပြီး မြန်မာကျပ်ငွေ တန်ဖိုးတရိပ်ရိပ် ကျဆင်းနေတာပါ။ တပတ်အတွင်း မြန်မာကျပ်ငွေ ၁ သိန်းကို ထိုင်းငွေ  ၇၅ ဘတ်ထိ ကွာဟချက်ရှိလာပါတယ်။

အခုလိုမြန်မာငွေစျေးထိုးကျပြီး၊ ဘတ်ငွေစျေး စံချိန်တင် မြင့်တက်နေတာကြောင့် မြဝတီနယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံထုတ် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်အတော်များများမှာ ထိုင်းထုတ်ကုန်ပစ္စည်း ရောင်း၀ယ်ကုန်သွယ်မှုတွေ လျော့နည်းလာပြီး  မြန်မာပြည်တွင်း ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေ ဈေးထပ်မံ မြင့်တက်လာနိုင်ပါတယ်။ 

ထိုင်းလူသုံးကုန်ပစ္စည်း အရောင်းဆိုင် လုပ်ငန်းရှင်တဦးက “အရင်ဝယ်ထားတဲ့ အထည်တွေက ခုမှ ရန်ကုန် ရောက်တယ်၊ မရောင်းရခင် ကတည်းက ရှုံးနေပြီ။ အခုချိန်မှာ ဘတ်စျေးက နေ့စဥ်နဲ့အမျှ တက်နေတာ၊  ရသမျှစျေးနဲ့ ခုချိန်ရောင်းရင် ထပ်ရင်းတဲ့အခါ ဒီစျေးမရတော့နိုင်တော့ဘူးလေ။ အဲဒီတော့ ထိန်းရောင်းရတော့မယ်။  နောက်ရက်ကစပြီး ထိုင်းပစ္စည်းက စျေးနည်းနည်း တက်မယ်” လို့ ပြောပါတယ်။

မြန်မာပြည်တွင်းကို ထိုင်းဘက်ကနေ ဆေး၀ါးကအစ၊ လူသုံးကုန်ပစ္စည်း၊ ဟင်းသီးဟင်းရွက်အဆုံး အလုံးစုံကို တင်သွင်းနေရတာပါ။

ဒါ့အပြင် မြဝတီနယ်စပ် ထိုင်း-မြန်မာ ငွေလဲဈေးကွက်မှာ မြန်မာငွေကြေး ဆက်တိုက် ကျဆင်း လာပြီး ငွေလဲနှုန်းဈေးကွက် မတည်ငြိမ်တာကြောင့် မြန်မာ−ထိုင်းနှစ်ဖက် ငွေလွဲငွေထုတ် လုပ်ငန်းတွေမှာလည်း အဆင်မပြေမှုတွေ ဖြစ်လာတယ်လို့ သိရပါတယ်။ 

“မြန်မာငွေတန်းဖိုးအရမ်းပဲ ကျနေပါတယ်ခင်ဗျာ၊ ငွေလဲနှုန်းက နေ့စဥ်နဲ့အမျှ ပြောင်းနေတယ်။ စျေး မတည်ငြိမ်တော့ သိပ်မလုပ်ရဲကြဘူးဖြစ်နေတာ” လို့ ငွေလွဲလုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းမီ ဇန်နဝါရီလအတွင်းက ထိုင်း−မြန်မာငွေလဲနှုန်းဟာ ထိုင်း ၁ ဘတ်ကို မြန်မာကျပ်ငွေ ၄၅-၄၆ ဝန်းကျင်ရှိခဲ့ရာကနေ  အခုအခါမှာ ထိုင်း ၁ ဘတ် ကို မြန်မာကျပ်ငွေ ၅၀ ဒသမ ၆၃ ဘတ်ကို ရောက်ရှိလာပြီး မြန်မာကျပ်ငွေ အနိမ့်ဆုံးကို သိသိသာသာ ထိုးကျသွားတာ ဖြစ်ပါတယ်။ 

အလားတူ မြန်မာပြည်တွင်း အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကလည်း  ပြည်တွင်း ဒေါ်လာငွေကြေး စီးဆင်းမှုအပေါ် ထိန်းချုပ်တဲ့ စစ်ကောင်စီရဲ့ ညွန်ကြားချက်တွေ အမျိုးမျိုး ထွက်ပေါ်လာပြီးတဲ့နောက်မှာ မြန်မာကျပ် ငွေနဲ့ ဒေါ်လာငွေလဲနှုန်းက  ရက်ပိုင်းအတွင်း ၁ ဒေါ်လာကို  ကျပ် ၂၄၅၀ အထိ မြင့်တက်လာပြီး၊ ပြည်တွင်း ရွှေစျေးကလည်း ကျပ် ၁ ကျပ်သားကို ကျပ် ၂၁သိန်းထိ မြင့်တက်လာပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းခင်အချိန်က အမေရိကန် ၁ ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင်သာရှိခဲ့ပြီးတော့ ရွှေ ၁ ကျပ်သားကို ကျပ် ၁၃ သိန်းဝန်းကျင်မှာပဲရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013