ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက် ဦးအောင်ဇေယျလမ်းနဲ့ ဗိုလ်ချုပ်လမ်းတောင့်မှာ ဇူလိုင် ၁၉ ရက် မနေ့ည ၉ နာရီ ၅၅ မိနစ်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကို အသံကျယ်လောင်စွာကြားရတာကြောင့် မြဝတီမြို့နေပြည်သူတွေ စိုးရိမ်နေကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
မနေ့ညပိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ မြဝတီမြို့မရဲစခန်းနဲ့ ကိုက် ၁၀၀ လောက် သာဝေးတဲ့ နေရာမှာရှိပြီး ဘယ်အဖွဲ့ရဲ့လက်ချက်လည်းဆိုတာကိုတော့ မသိရသေးပါဘူး။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဗုံးပေါက်ကွဲမှုမကြာခဏ ဖြစ်ပွါးပေမဲ့ ပြည်သူတွေ ထိခိုက်သေဆုံးတာတော့ မရှိခဲ့ပါဘူး။