LPG ပူးတွဲထုတ်လုပ်ဖို့ တင်ဒါခေါ်
DVB
·
April 4, 2014
မြန်မာ့ရေနံနဲ့ ဓာတုဗေဒ လုပ်ငန်း (အမ်ပီအီး)ဟာ ရေနံဓာတ်ငွေ့ရည် (အယ်လ်ပီဂျီ) ပူးတွဲထုတ်လုပ်ဖို့ အတွက် ပြည်ပကုမ္ပဏီတွေနဲ့ အကျိုးတူ လုပ်ကိုင်ဆောင်ရွက်သွားဖို့ စိတ်ဝင်စားတဲ့ကုမ္ပဏီတွေကို တင်ဒါခေါ်ထားတယ်လို့ ဧပြီ ၂ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ မြန်မာ့ရေနဲ့ ဓာတုဗေဒလုပ်ငန်းပိုင် ညောင်တုန်းမှာ အယ်လ်ပီဂျီ ထုတ်လုပ်တာ၊ သိုလှောင်တာ၊ ဖြန့်ချီတာနဲ့ ရောင်းချတာတွေကို ပူးတွဲလုပ်ကိုင်ဖို့ ပြည်ပ ကုမ္ပဏီတွေကို ဖိတ်ခေါ်တာဖြစ်ပါတယ်။
ပြည်တွင်းမှာ သဘာဝဓာတ်ငွေ့ လိုအပ်ချက် မြင့်မားလာနေလို့ တိုးမြှင့်ထုတ်လုပ်နိုင်အောင် ခုလို တင်ဒါခေါ်ရတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အယ်လ်ပီဂျီစက်ရုံ ၃ ရုံရှိပြီး မင်းဘူးစက်ရုံကို ဂျပန် မစ်ဆူဘီရှီ ကော်ပိုရေးရှင်း၊ ညောင်တုန်းနဲ့ ကျွန်းချောင်းစက်ရုံတွေကို တရုတ်နိုင်ငံက တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။