Home
ဆောင်းပါး
ကြင်စိုးဂျပု ခေါင်းရှောင်မှု အရည်အချင်း
DVB
·
July 18, 2022

“လာဟေ့ လေရှီးကိုယ်တော် ဖေကြီး”

“မှန်လှပါ ဘကြီးတော်ဘုရား အဘစောမူးသာ . . . ကျန်းဂန်သာလို့ မာတော်မူရဲ့ မဟုတ်လား”

“ဟားဟား ဟားဟား ဟားဟား . . . . မာပါတယ် မာပါတယ် . . . ဒီလိုအချိန်မှာ ‘ပျော့’လို့မဖြစ်ဘူး၊ ‘မာ’ နေအောင် ကြိုးစားနေထိုင်ကြရမယ် မဟုတ်လား။ သီရိသုဓမ္မ မဟာ့မဟာ သရေစည်သူ အလင်္ကာကျော်စွာ နိုင်ငံ့ဂုဏ်ရည် ဖေကြီးရဲ့”

“ဟားဟား ဟားဟား ဟားဟား . . . . မူးသာနဲ့ ဖေကြီးတို့ကတော့ အတိုင်အဖောက်ကို ညီလို့ . . . ' ဘုရင်ရူးတွေ ပလ္လင်ရူးတွေအတိုင်းပဲ၊ လိုက်လဲလိုက်ပ”

“ဟားဟား ဟားဟား ဟားဟား . . . . “

“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . .”

“နင်တို့လည်း ဝင်ရူးကြည့်ကြလေ ရစ်ချတ်နဲ့ လုံးတုံးရဲ့ . . . ဟားဟားဟား”

ဒီမနက် အဘရစ်ချတ်အိမ်က ရေနွေးကြမ်းဝိုင်းမှာ၊ ‘အမြည်းသုပ်’က ဖေကြီးအဖို့တော့ စားရမှာ ‘ပါးစပ်မရဲစရာ’ ပါ ခင်ဗျ။

“နှိုက်စမ်းပါ ဖေကြီးရ . . . ဒါမျိုးက စားရခဲပါဘိခြင်း . . . ဟင်း ဟင်း ဟင်း”

ညက အဘရစ်ချတ်နွားမကြီး သားပေါက်သတဲ့၊ အဲဒါနဲ့ ‘အချင်း’ကို ရေနွေးဖျောပြီး အမွှေးနံ့သာတွေ ကြက်သွန်မြိတ်တွေနဲ့ သေသေချာချာကို သုပ်ထားတာတဲ့ ခင်ဗျ။

မစားဖူးတော့ ပါးစပ်မရဲဘူးဖြစ်နေတာ။

“ရော့ရော့ ဖေကြီး . . . ဟောဒါလေးကို အရင်မော့လိုက် . . . ပြီးမှ အမြည်းသုပ်ကလေး ဝါးလိုက်... အိုကေသွားမယ်”

ဒါနဲ့ အဘစောမူးသာ ကမ်းပေးတဲ့ အကြမ်းပန်းကန်လေးထဲက မွှေးမွှေးချိုချို ကြည်လဲ့လဲ့ ကြံယမကာ အရည်လေးကို ဂွပ်ခနဲ အမြန်မော့ချလိုက်ပြီး အချင်းသုပ်ဆိုတဲ့ အမြည်းကို တဇွန်း ခပ်ဝါးလိုက်ပါတယ် ခင်ဗျ။

“ဂျွပ်  ဂျွပ်  ဂျွပ်  ဂျွပ်  ဂျွပ်  ဂျွပ်”

“ဟားဟား ဟားဟား ဟားဟား . . . . လေရှီးက ဖေကြီးတယောက် ‘အိုကေ’ မှာ စိုပြေသွားပဟ ရစ်ချတ်ရ”

“ဟားဟား ဟားဟား ဟားဟား . . . .”

တကယ့်ကိုရွှင်တဲ့ ဘိုးတော်တွေဗျာ။ အခက်အခဲတွေ ဗရပွနဲ့ မွန်းကျပ်လွန်းလှတဲ့ ခေတ်ဆိုးခေတ်ပျက်ကာလကြီးမှာ သူတို့တတွေနဲ့ ဆုံခဲ့ရလို့ ဘဝအမောတွေ စိတ်အမောတွေ ရင်အပူလုံးတွေ လျော့ပါးပြေပျောက်ခဲ့ရတာတော့ အမှန်ပါပဲ ခင်ဗျာ။

“ဘယ်လိုလဲ ဖေကြီး . . . ပါးစပ် ရဲသွားပြီမဟုတ်လား . . အဲဒါပဲကွ၊ ‘အရည်အချင်း’ ဆိုတာ၊ ‘အရည်’ ရယ် ‘အချင်း’ရယ် ပေါင်းလိုက်တော့ အိုကေပေါ့”

“ဟားဟား ဟားဟား ဟားဟား . . . . “

“မူးသာ ပြောတဲ့ ‘အရည်အချင်း’ ဆိုတာကို ကြားလိုက်ရတော့ ‘အရည်အချင်း’ ဗလာနတ္ထိကောင်တွေကို သွားမြင်မိသဟ”

“အေးပေါ့ ရစ်ချတ်ရ . . . ‘အရည်အချင်း’ရှိတဲ့ပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့အဖွဲ့အစည်း၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့ နိုင်ငံမျိုးသာ တိုးတက်တာ မဟုတ်လား”

“ဒါဆို . . ‘အရည်အချင်း’ မရှိတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့အဖွဲ့အစည်း၊ အရည်အချင်း ကင်းမဲ့တဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့နိုင်ငံမျိုးဟာ ‘ကျဆုံးအဖွဲ့အစည်း’ တို့ ‘ကျဆုံးနိုင်ငံ’တို့အဖြစ်ကို အလျင်မြန်ဆုံးနှုန်းနဲ့ ဒုန်းပြေးနေမယ် ဆိုပါတော့ မူးသာရ”

“မင်းတို့ ငါတို့တွေ လက်ရှိ မျက်မြင်ကိုယ်တွေ့ပဲမဟုတ်လား တောကြက်ကြီးလက်ဝှေ့ကျော်လုံးတုံးရ . . . ဟ ဟ ဟ”

“ဟားဟား ဟားဟား ဟားဟား . . .”

သို့ဖြင့် မြို့မေတ္တာခံယူလျက်ရှိသည့် ကမ္ဘာကျော် ငပွကြီး ဘုတို သာ၀ ကြင်စိုး အဘ၏ ‘ခေါင်းရှောင်မှုအရည်အချင်း’ များစွာကို ဘိုးတော်တို့၏စကားဝိုင်းမှာ ကြားနာရပါလေတော့၏ ခင်ဗျာ။

“၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းတယ်၊ တိုင်းပြည်ကို ၂၆ နှစ်တိတိ အုပ်ချုပ်သွားခဲ့တယ်။ ၈၈ အာဏာသိမ်းတယ်၊ နဝတ က ၁၉၈၈ ကနေ ၂၀၁၀ ပြည့်အထိဆို ၂၇ နှစ်တောင်မှ ကုလားထိုင်တွေပေါ်မှာ အေးအေးဆေးဆေးကို ထိုင်တော်မူသွားကြတာ”

“ဘာပဲဖြစ်ဖြစ် အရင်လူတွေလည်း လက်နက်ပြပြီး အာဏာကို လုယူခဲ့ကြတာပဲ။ အခု ဂျပု သာ၀ မအလ ကြင်စိုးလည်း သေနတ်ပြပြီး အာဏာကို ဓားပြတိုက်ခဲ့တာပဲလကွ”

“ဟားဟား ဟားဟား ဟားဟား . . . . . ဒါပေမဲ့ ကွာခြားချက်ကတော့ နှိုင်းမရအောင်ပဲ မဟုတ်လား”

“အေးလကွာ . . . မေတ္တာတုံး မအလရဲ့ အရင် ပထွေးတွေတုန်းက သူတို့ကို နိုင်ငံတော်ရဲ့ ‘အစိုးရ’ အဖြစ် ကမ္ဘာက အသိအမှတ်ပြုခဲ့ကြတယ် မဟုတ်လား”

“အေး . . . အခု ဘိုတု မအလကျမှ ဒုက္ခနဲ့ လှလှနဲ့ကို အံဝင်ခွင်ကျ တွေ့ကြပြီပေါ့ကွ။ ဟားဟား ဟားဟား ဟားဟား . . .”

မအလ အဖြစ်က ရယ်စရာလည်းကောင်းလှ၏။ သနားစရာလည်းကောင်းလှ၏ တဲ့။

အာဏာသိမ်းပြီး အခုလို တနှစ်ခွဲကာလအထိမှာ ကမ္ဘာ့ဘယ်နိုင်ငံကမှ ‘မအလ အစိုးရ’ ဟု အသိအမှတ်မပြုကြပေတဲ့။

အခြား ဥရောပတိုက်တို့၊ အမေရိကတိုက်တို့၊ အာဖရိကတိုက်တို့ မဆိုထားနှင့်၊ မအလပထွေး ရုရှားတို့၊ တရုတ်တို့ကလည်း ‘အစိုးရ’ အဖြစ် အသိအမှတ်မပြုကြ။

မအလအတွက် အခံရခက်သည့် အဆိုးဆုံးမှာကား ‘အာဆီယံ’ မိသားစုဝင်နိုင်ငံများကပါ ‘အစိုးရ’ အဖြစ် အသိအမှတ်မပြုကြဘဲ ‘အာဏာသိမ်းအဖွဲ့’ အဖြစ်သာ ဆက်ဆံခံရတာ ဖြစ်ပါလေ၏တဲ့ ခင်ဗျာ။

“မင်းစဉ်းစားကြည့်ကွာ မူးသာ . . ဒီအယုတ်တမာ သာ၀ ကြင်စိုး မအလရဲ့ရင်ထဲမှာ မကျေနပ်မှု အစိုင်အခဲကြီးက ဘယ့်ကလောက်များ ကြီးမားနေမလဲ ဆိုတာကို”

“ဟားဟား ဟားဟား ဟားဟား . . .”

အခုတော့လည်း မအလက သူ ထွေးပြီးသား ‘တံတွေး’ တွေကို သူပြန်မျိုနေရပါပြီ တဲ့။

“PDF တွေကို အမြန်ဆုံးချေမှုန်းမယ်၊ PDFတို့ NUG အစိုးရတို့နဲ့ ဘယ်တော့မှ မဆွေးနွေးဘူး” လို့ လေကြီးလေကျယ် ကမ္ဘာသိ ကြေညာ လေလုံးထွားခဲ့ပေမယ့် အခုအခါမတော့ " ဆွေးနွေးကြရအောင်ပါ ဟယ် . . . ဒို့များ ဆုံတွေ့ကြရအောင်ပါ နော် . . . နော်လို့” လို့ ရုပ်ကြမ်းကြီးနဲ့ နွဲ့နွဲ့ပြနေတာဟာ ရွံစရာကြီးပါတဲ့ ခင်ဗျာ။

“အခုလည်း ဘာအစီအစဉ်မှ မရှိဘဲ သူ့ပထွေးပုတင်ရှိရာ မော်စကိုကို ရုတ်တရက် ထပြေးပါလေရောလား”

“ပြေးရမယ်လေ မူးသာရဲ့ . . အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်က ထိုင်းကို ရုတ်တရက်ပေါက်ချလာတယ်၊ ပြီးတော့ မြန်မာ့အခြေအနေနဲ့ပတ်သက်ပြီး ခပ်မာမာ ပြောသွားတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဆီယံကို လာတယ်၊ မြန်မာ့လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး သေသေချာချာမှာသွားတယ် ဆိုတော့ သာ၀ 'ဖင်တုန်' သွားတာ ဆန်းသလားဟ”

သို့ဖြင့် အကြမ်းဖက်ခေါင်းရှောင် သာ၀ ဘုတို ကြင်စိုး မအလ ၏ နောက်ဆုံးနေ့များကို ရောက်ရှိလာပြီဖြစ်ကြောင်း သုံးသပ်နေကြပါလေ၏ ခင်ဗျာ။ 

ထိုအခိုက်မှာပဲ ရပ်ကျေးအစိမ်းဥက္ကဋ္ဌ ဦးစိမ်းမောင်၏သားတော်မောင် စိမ်းကိုကိုက ခြံထဲမှာ အဘစောမူးသာ၏မြေး စောမူးလာနှင့်ထိုင်နေရင်း သီချင်းတပုဒ်ကို အော်ဟစ်သီဆိုလိုက်တာကို ကြားကြရပါလေ၏။

“အချစ်ဆိုတာ ပူလောင်တဲ့ မီးတောက်ငယ် တခု ဘယ်သူမပြု မိမိမှု စဉ်းစားကြည့်ပါအခု . . .မေတ္တာဟာ အေးမြတဲ့ စမ်းချောင်းငယ်တခု ၅၂၈ ထက်ပိုရင် ငိုပွဲတွေစု . . . သံယောဇဉ် ဆိုတာကရော ဒုက္ခရဲ့ မြစ်ဖျားခံရာရေသောက်မြစ် တခု . . .အမုန်းဆိုတာ နှလုံးသားရဲ့ ဆန့်ကျင်ဘက်တခု အပြုံးဆိုတာ အရှုံးသမားအတွက် သြော် . . . နှစ်သိမ့်ဆု . . .နှလုံးသားနုနု အမုန်းမြှားစုစု အချစ်စစ်ဖွေရှာ ရင်မှာမောလု . . . သောကရဲ့ခြေရာ လောကရဲ့ဝေဒနာ သေချာဖွေရှာလဲ သံသရာလမ်းလေးဆုံးတိုင်လု . . . . . . . . . . . . . .”

အရှိုက်အငင် ပိုင်ပိုင်ဖြင့် ဋ္ဌာန်ကရိုဏ်းကျကျ သီဆိုသွားလေရာ နားဆင်၍ကောင်းလှပါပေ၏။ ‘အနိုင်’၏ နာမည်ကျော်သီချင်းဟု အဘရစ်ချတ်နှင့် အဘလုံးတုံးတို့က ပြောပြကြပါ၏။

“ဟားဟား ဟားဟား ဟားဟား . . . . ကောင်းလိုက်တဲ့သီချင်းကွာ . . . ငါလည်း သူ့လို ဆိုလိုက်ချင်သေးတယ် ရစ်ချတ်ရ”

“ဆိုကြည့်လေ မူးသာရ . . . ဟ ဟ ဟ”

“အဟမ်း . . . အဟမ်း . . . အဟမ်း”

အဘစောမူးသာက လည်ချောင်းရှင်းကာ ရေနွေးကြမ်းတခွက်ကို ဂွပ်ကနဲ မော့ချလိုက်ပါ၏။ ပြီးတော့ ပြုံးစိစိဖြင့် နှုတ်ခမ်းကို ပွစိပွစိ လုပ်ကာ စာသားတွေကို ပြန်ရွတ်ကြည့်နေသယောင်။ ခဏအကြာမှာတော့ သူ၏ အောင်မြင်ခန့်ညားလှသည့်ဘယ်သံ ဝါဝါကြီးဖြင့် ‘စာမြှောင်ကပ်’ တေးတပုဒ်ကို အံ့မခန်း လက်တန်းသီဆို ဟစ်ကြွေးလိုက်ပါလေသတည်း။

“အပြစ်ဆိုတာ ပူလောင်တဲ့ မီးတောက်အယ် တခု . . . ဘယ်သူမပြု မိမိ လု စဉ်းစားကြည့်ပါ ဂျပု . . အာဏာဟာ မအေးမြတဲ့ မီးတောင်ကြီးတခု. . . ၂၀၀၈ ခြေဥထက်ပိုရင် ငိုပွဲတွေစု . . .

မအလ ဆိုတာကရော ဒုက္ခရဲ့ မြစ်ဖျားခံရာ ရေသောက်မြစ် တခု . . .ငတုံးဆိုတာ ပြည်သူတွေရဲ့ ဆန့်ကျင်ဘက် တခု . . . ဒရုန်းဆိုတာ အရှုံးသမားအတွက် သြော် . . . နှစ်သိမ့်ဆု . . . နှလုံးသားအတုအတု အမုန်းမြှားစုစု မတရားစစ်သေနာ ရင်မှာမောလု . . . ဒေါသရဲ့ခြေရာ ဘောမရဲ့ဝေဒနာ မော်စကိုမှာဖွေရှာလည်းလ မြန်မကြာလမ်းလေး ဆုံးတိုင်လု . . . "

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024