DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ပေးပို့နေ
DVB
·
July 15, 2022
အိန္ဒိယက မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ပေးပို့နေ
Donate to DVB

အိန္ဒိယအခြေစိုက် Sandeep Metalcraft ပုဂ္ဂိလိက ကုမ္ပဏီလီမိတက်က အကြမ်းဖက်မြန်မာစစ်တပ်အတွက် လက်နက်တွေကို ထောက်ပံ့ပေးနေတဲ့အကြောင်း Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

Panjiva အမည်ရှိ ကုန်သွယ်ရေးအချက်အလက်ကနေ ရရှိတဲ့ မှတ်တမ်းတွေအရ Sandeep Metalcraft ကုမ္ပဏီဟာ မြန်မာစစ်တပ်ထံ ဗုံးနဲ့ အမြောက်ကျည်ဆန်တွေအတွက် စနက်တံ ၃၀၀၀ ရှိတဲ့ ကုန်ပစ္စည်းတွေကို ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်မှာ တင်ပို့ခဲ့တယ်လို့ Justice For Myanmar က ဆိုပါတယ်။ ဒီမတိုင်မီကလည်း စနက်တံ ၁၀၀၀ ကို ၂၀၂၀ ပြည့်နှစ်က တင်ပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် လူမျိုးစုဒေသတွေမှာ တိုက်ခိုက်အသုံးပြုနေတဲ့ ၈၄ မီလီမီတာ Carl Gustaf နောက်ပွင့်ရိုင်ဖယ်အတွက် ဒီဇိုင်းထုတ်ထားတဲ့ စက်သုံး ချိန်ကိုက် စနက်တံတွေကိုလည်း အဆိုပါ ကုမ္ပဏီက မြန်မာစစ်တပ်ထံ ပေးပို့ထားတယ်လို့ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ မြန်မာစစ်တပ်က အဓိက အသုံးပြုနေတဲ့ စစ်လက်နက်တွေရဲ့ အစိတ်အပိုင်းတွေကို တင်ပို့ခွင့် ပြုထားတာဟာ အိန္ဒိယနိုင်ငံအနေဖြင့် တိုက်ရိုက် ပံ့ပိုး ပေးနေသလို ဖြစ်နေပါတယ်။ ဒါကြောင့် အိန္ဒိယအစိုးရက မြန်မာစစ်တပ်အပေါ် စစ်လက်နက်ရောင်းချမှုကို ပိတ်ပင်တားဆီးနိုင်ဖို့ ပြဋ္ဌာန်းချက် တရပ်ကို ချက်ချင်း ပြဋ္ဌာန်း ပေးဖို့နဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သတ်မှုတွေကို အဆုံးသတ်ဖို့ အတွက်လည်းကျမတို့ တောင်းဆိုတယ်”လို့ ထုတ်ပြန် ပြောပါတယ်။

အိန္ဒိယကနေ စစ်လက်နက်ပစ္စည်းတွေကို အခုလို ပေးပို့တဲ့နေရာမှာ မြန်မာကုမ္ပဏီဖြစ်တဲ့ Creative Exploration Ltd မှ တဆင့် ပေးပို့ခဲ့တာပါ။ 

Creative Exploration ကုမ္ပဏီဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် လက်နက်နဲ့ ရဲ အသုံး အဆောင်ပစ္စည်းတွေကို အဓိက တင်သွင်းပေးနေတဲ့ လက်နက်ပွဲစား ကုမ္ပဏီ တခုပါ။ ဒီကုမ္ပဏီကို ဒေါက်တာ ကျော်ကျော်ထွန်း (တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဆင်း) နဲ့ သူ့ ဇနီးဖြစ်သူ ဇာဖြူတင်စိုး (ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် စစ်အရာရှိဟောင်း၏ သမီး) တို့က ပိုင်ဆိုင်ပါတယ်။

Justice For Myanmar မှ စုံစမ်းဖော်ထုတ်ချက်အရ ဆွီဒင်အစိုးရအနေနဲံ အိန္ဒိယစစ်လက်နက်ထုတ်လုပ်သူ ကုမ္ပဏီတွေကို လောင်ချာနဲ့ စစ်လက်နက် ထုတ်လုပ်ရေး လိုင်စင်တွေ ပေးအပ်တာနဲ့ ကုန်ပစ္စည်းတင်ပို့နေတာတွေကို မဖြစ်မနေ ရပ်ဆိုင်း ပေးဖို့ပါ။ ဒီ့အပြင် အိန္ဒိယအခြေစိုက် Sandeep Metalcraft ကုမ္ပဏီက မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်း တင်ပို့ရာမှာ ဆွီဒင်နိုင်ငံရဲ့ နည်းပညာပါဝင်ခြင်း ရှိ မရှိကိုလည်း စုံစမ်းစစ်ဆေးပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

အိန္ဒိယမှတဆင့် မြန်မာစစ်တပ်ထံ စစ်လက်နက် စီးဆင်းနေတာကို ရပ်တန့်သွားအောင် Quadrilateral Security Dialogue (the Quad) လို့အမည်ပေးထားတဲ့ လေးပွင့်ဆိုင် လုံခြုံရေး ဆွေးနွေးဖက် အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ သြစတြေးလျ၊ ဂျပန်နဲ့ အမေရိကန် အစိုးရတို့ကလည်း ဖိအားပေးဖို့ လိုတယ်လို့ Justice For Myanmar က ထောက်ပြထားပါတယ်။

အရေးအကြီးဆုံးအချက် တခုကတော့ မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းတွေ တင်သွင်းနေတဲ့ အိန္ဒိယ အခြေစိုက် Sandeep Metalcraft နဲ့ မြန်မာပြည် အခြေစိုက် Creative Exploration ကုမ္ပဏီတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013