မိုဘိုင်းဖုန်း သိုလှောင်ဂိုဒေါင်နဲ့ ဆိုင်တွေကိုလည်း ၀င်ဖမ်းမည်

လက်ရှိ မြန်မာနိုင်ငံထဲကို အကောက်ခွန်မဲ့ မှောင်ခို ၀င်ရောက်လာတဲ့ မိုဘိုင်းဖုန်း ဟန်းဆက် အရည်အတွက် အလွန်များနေတာကြောင့် သိပ်မကြာခင် ရွှေလျားမှောင်ခိုဖမ်းအဖွဲ့ (Mobile Team)တွေက ၀င်ရောက် စစ်ဆေးဖမ်းဆီးတော့မယ်လို့ ရန်ကုန်အဖွဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။ Phone Shopလက်ရှိ မြန်မာနိုင်ငံထဲ ရောက်နေတဲ့ မိုဘိုင်းဖုန်း ဟန်းဆက်အရည်အတွက် သန်းနဲ့ချီ ရှိနေ၊ ရောင်းချနေကြပေမယ့် ၃ နှစ်အတွင်း တကယ် အခွန်ဆောင်ပြီး သွင်းလာတာက အလုံးရေ ၇ သောင်းကျော်ပဲ ရှိလို့ အခုလို အရေးယူရတာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။ မိုဘိုင်းဖုန်း ဟန်းဆက်တွေဟာ နိုင်ငံခြားကနေ ပြည်တွင်းကို နယ်စပ်၊ ရေကြောင်းနဲ့ လေကြောင်းဝင်ပေါက်အားလုံးကနေ မှောင်ခို ၀င်ရောက်လာပြီး ဆိုင်ပေါင်းများစွာမှာ ရောင်းချနေကြောင်း၊ ၀င်စစ်လို့ အခွန်ဆောင်ပြီးကြောင်း အထောက်အထား မတွေ့ရရင် အရေးယူမယ်လို့ သူက ပြောပါတယ်။

//
More News
Up