Home
မြန်မာသတင်း
မြောင်ပညာရေးကွန်ရက် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ(ဓာတ်ပုံ)
DVB
·
July 12, 2022
293149508_146523174655340_7059678546895653152_n
292251934_146523014655356_2371282241961491472_n
292179692_146523067988684_6128338415574998755_n
292165654_146523384655319_3947347782993473298_n

တော်လှန်ပညာရေးကျောင်းတခုဖြစ်တဲ့ မြောင်ပညာရေးကွန်ရက်က ဖွင့်လှစ်ထားတဲ့ MEDUS-24 အထက်တန်းကျောင်းမှာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ စုံညီစွာနဲ့ ဝါဆို သင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ဇူလိုင် ၁၂ ရက် ဒီနေ့ကျင်းပခဲ့ပါတယ်။

ခုလိုကျင်းပတာဟာ ကလေးတွေကို ဘာသာရေးအဆုံးအမတွေနဲ့ ထိတွေ့ပေးဖို့၊ မိမိကိုယ်ကို တာဝန်ယူတတ်စေဖို့၊ အဖွဲ့အစည်းနဲ့ စနစ်တကျ လုပ်ကိုင်တတ်စေဖို့စတဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ပြုစုပျိုး ထောင်ပေးတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြောင်ပညာရေးကွန်ရက်ကိုတော့ မြောင်နယ်သူနယ်သားတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်က စတင်ကာ ပညာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ကြားကာလပညာရေးအတွက် မြောင်ပညာရေးကွန်ရက်နဲ့ လာရောက်ချိတ်ဆက်ထားတဲ့ ကျေးရွာတွေကိုလည်း ကျောင်းတွေဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် ကြားကာလပညာရေး လုပ်ငန်းဆောင်တာတွေကို ကွန်ရက်သဖွယ် ချိတ်ဆက်ပြီး မြောင်နယ်ပညာရေးမှာ ပါဝင်အားဖြည့်သွားမှာဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊   ပညာရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ကာ မြို့နယ်ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ ရည်ရွယ်ချက်၊ မူဘောင်၊ လုပ်ငန်းစဥ်နဲ့ ရည်ရွယ်ချက်တွေကို တင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းရေရှည်တည်တံ့နိုင်ဖို့အတွက် ပညာရေးလုပ်ငန်း လိုအပ်ချက်တွေ ဖြည့်စွက်ကူညီနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024