DVB Logo
Home
မြန်မာသတင်း
NUG ပညာရေးအစီအစဉ်ဖြင့် ယင်းမာပင် အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲဖြေ
DVB
·
July 9, 2022
NUG ပညာရေးအစီအစဉ်ဖြင့် ယင်းမာပင် အခြေခံပညာကျောင်းများတွင် အတန်းတင်စာမေးပွဲဖြေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ကျေးရွာတရွာမှာ  ဇူလိုင် ၉ ရက် ဒီနေ့မနက်ပိုင်းကစပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ မူလတန်း အဆင့်ကနေ အထက်တန်းအဆင့်ထိ‌ ကျောင်းသား/ကျောင်းသူ ၆၀၀ ဝန်းကျင် အတန်းတင် စာမေးပွဲ ဖြေဆိုခဲ့ကြပါတယ်။

ပညာရေးအသိုက်အဝန်းမှ ဒေသခံခံတဦးက "အတန်းတင်စာမေးပွဲကို မူလတန်းအဆင့်ကနေ အထက်တန်းအဆင့်အထိ စာမေးပွဲကျင်းပပြုလုပ်ခဲ့တယ်။ ကျောင်းသား၊ကျောင်းသူ ၆၀၀ လောက် ဖြေဆိုခဲ့ကြပါတယ်" လို့ ပြောပါတယ်။

အဆိုပါကျောင်းမှာ ဆရာ/ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်း အားလုံးပေါင်း ၅၅ ယောက်နဲ့ CDM ပညာရေးဝန်ထမ်း ၁၈ ယောက်တို့က ဦးဆောင်သင်ကြားပေးခဲ့တာဖြစ်တယ်လို့ ဒေသခံကျောင်းသားမိဘတွေထံက သိရပါတယ်။

မကြာသေးခင်ကလည်း ယင်းမာပင်ခရိုင်ထဲရှိ ကျေးရွာတွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပညာရေးစုံညီပွဲနဲ့ မိုးရာသီအားကစား ပွဲတော်ကိုလည်း ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီကလည်း အခြေခံပညာကျောင်းတွေ ဖွင့်လှစ်သင်ကြားခဲ့ပေမဲ့ စစ်ကျွန်ပညာရေး သပိတ်မှောက်ထားတဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေက အွန်လိုင်းကနေ ပညာသင်ယူနေကြတာရှိသလို လွတ်မြောက်နယ်မြေတွေမှာလည်း ကျောင်းတွေ ဖွင့်လှစ် သင်ကြားနေတာ ရှိပါတယ်။

ဓာတ်ပုံ-ဆားလင်းကြီး၊ ယင်းမာပင်ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013