တာ့ဆောင်ယမ်းမြို့တွင် တရားမဝင် မြန်မာအလုပ်သမား ၂၅ ဦး ဖမ်းဆီးခံရ

မြန်မာ-ထိုင်းနယ်စပ် မြဝတီကနေ ထိုင်းနိုင်ငံဘက် တရားဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၅ ဦး ဇူလိုင် ၇ ရက်နေ့ မနက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို တာ့ဆောင်ယမ်းမြို့ လမ်းပိုင်းတနေရာ ထိုင်း တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့ဟာ စမွတ်ပါကား၊ ချွန်ဘူရီနဲ့ ပထုံဌာနီ ခရိုင်တို့မှာ အလုပ်လုပ်ဖို့ သွား‌ရောက်စဉ် ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေအပါအဝင် ယာဉ်မောင်း ၂ ဦးနဲ့ လူကုန်ကူးသူ ၁ ဦးတို့ကို ထိုင်းနိုင်ငံ တာ့ဆောင်ယမ်းမြို့မရဲစခန်းကို လွှဲပြောင်းလိုက်ပြီး တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

//
More News
Up