တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား၏ သက်တော် ၈၇ နှစ်ပြည့်မွေးနေ့ ကျင်းပ

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ သက်တော် ၈၇ နှစ်ပြည့်တဲ့ မွေးနေ့အခမ်းအနားကို  ဇွန် ၆ ရက်က အိန္ဒိယနိုင်ငံ ဒါရမ်စာမာမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ ကျင်းပပါတယ်။

မွေးနေ့အခမ်းအနားကို ဘုန်းတော်ကြီးရဲ့ တပည့်သံဃာတွေ၊ ဒါယကာ၊ ဒါယိကာမတွေနဲ့ အတူ အမေရိကန်သရုပ်ဆောင် ရစ်ချက်ဂီရိလည်း တက်ရောက်ပါတယ်။

မွေးနေ့အခမ်းအနားမှာ တိဘက်ရိုးရာ အနုပညာတင်ဆက်မှုတွေလည်း ပါဝင်ပါတယ်။ ဟောလိဝုဒ်သရုပ်ဆောင် ဂီရိက သူနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ လွန်ခဲ့တဲ့ နှစ် ၄၀ က စတွေ့ခဲ့ပြီးနောက်ပိုင်း သူ့ဘဝမှာလည်း လုံးလုံးလျားလျား အပြောင်းအလဲ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ ၁၉၈၉ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး ၁၉၅၉ ခုနှစ် တိဘက်တော်လှန်ရေးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ သီတင်းသုံးနေတာ ဖြစ်ပါတယ်။

//
More News
Up