DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် အထည်ချုပ်စက်ရုံဝန်ထမ်းလစာငွေ ကျပ်သိန်း ၂၅၀၀ နှင့် ကား ၁ စီး ဓားပြတိုက်ခံရ
DVB
·
July 6, 2022
ပခုက္ကူတွင် အထည်ချုပ်စက်ရုံဝန်ထမ်းလစာငွေ ကျပ်သိန်း ၂၅၀၀ နှင့် ကား ၁ စီး ဓားပြတိုက်ခံရ
1 / 2
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇူလိုင် ၅ ရက် နေ့လယ်က  အထည်ချုပ်စက်ရုံလုပ်သားတွေအတွက် လစာငွေ ကျပ် သိန်း ၂၅၀၀နဲ့ ကားတစီး  ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံအထည်ချုပ်စက်ရုံရဲ့ ကားကို မနေ့  မနက် ၁၁ နာရီကျော်လောက်မှာ လက်နက်ကိုင်ဆောင်ထားတဲ့သူ  ၇ ယောက်လောက်က ဓားပြတိုက်သွားတာလို့ ပခုက္ကူမြို့ ဒေသခံတယောက်က  ပြောပါတယ်။

“အဲဒီလက်နက်ကိုင်ထားတဲ့သူတွေက ကားကိုတားတော့ စစ်ဆေးဖို့တားတယ်ထင်ပြီး ရပ်ပေးလိုက်တာ။ အထည်ချုပ်စက်ရုံက ကားဖြစ်တယ်လို့ ပြောလိုက်တော့ ကားပေါ်မှာပါတဲ့သူတွေအားလုံးကို အောက်ဆင်းခိုင်းပြီး ကားပေါ်မှာပါတဲ့ အထည်ချုပ်စက်ရုံလုပ်သားတွေအတွက် လစာငွေ သိန်း ၂၅၀၀ကျပ်နဲ့  အဲဒီကားကိုပါ ယူဆောင်သွားကြတယ်”

သတင်းအတိကျရလို့ စောင့်နေပုံရပြီး လူတွေကိုတော့ ဘာမှအန္တရာယ်မပြုဘဲ ငွေကြေးတွေနဲ့ ကားကိုယူပြီး မောင်းပြေးသွားကြတာလို့ လည်း ကားပေါ်ပါလာသူတွေရဲ့ ပြောပြချက်အရ သိရတဲ့ အကြောင်း ဒေသခံက ပြောပါတယ်။ 

ဓားပြတိုက်သွားတာ ဘယ်အဖွဲ့ ကလည်းဆိုတာကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။

အဲဒီဖြစ်စဥ် ဖြစ်ပြီးတဲ့နောက်မှာ ရဲသုံးယောက်နဲ့ စစ်သားတယောက်လိုက်ပါလာတဲ့ ရဲကားတစ်စီး နောက်ကလိုက်သွားပေမယ့် ပြစ်မှုကျူးလွန်သူတွေကို မဖမ်းဆီးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ပခုက္ကူမြို့မှာ ဇူလိုင် ၄ ရက် မနက်ပိုင်းကလည်း မြို့မစျေးရှိ ရှမ်းဧကရီ ရွှေဆိုင် ဓားပြအတိုက်ခံရလို့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေ ဆုံးရှုံးခဲ့ပါတယ်။

ပခုက္ကူမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ခိုးဆိုးလုနှိုက်အမှုတွေ၊ အနုကြမ်းစီးမှုတွေနဲ့ ဓားပြမှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013