DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်မှာ ကလေးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်နေ
DVB
·
March 31, 2014
ကယားပြည်နယ်မှာ ကလေးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်နေ
Donate to DVB

ကယားပြည်နယ်က မြို့နယ်တွေမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ၀မ်းပျက်ဝမ်းလျှော ဖြစ်နေကြတယ်လို့ ဒေသန္တရ ကျန်းမာရေးတာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

နွေရာသီ အပူရှိန်ပြင်းပြီး သောက်သုံးရေ မသန့်တာကြောင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီမော့ဆိုး၊ ဖရူးဆိုး စတဲ့ မြို့နယ်အတွင်းက ကျေးရွာတွေမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေ ၀မ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေတာပါ။

SONY DSCဒီမော့ဆိုးမြို့နယ်ဆေးရုံက လက်ထောက်ဆရာဝန် ဒေါက်တာထက်မြက်ထွဋ် ကတော့ ခုရက်ပိုင်း အတွင်း ၀မ်းလျောဝမ်းပျက်ရောဂါနဲ့ ဆေးရုံမှာ လာရောက် ဆေးကုသတဲ့ ကလေးငယ်တွေ နေ့စဉ်လို လိုရှိနေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

မြို့နယ်တွေမှာ ဖြစ်နေတဲ့ ကျန်းမာရေး အခြေအနေတွေကို ပြည်နယ်ကျန်းမာရေးဦးစီးဌာနကို အမြဲတင်ပြနေပြီး လတ်တလော ကလေးငယ်တွေဝမ်းပျက်ဝမ်းလျှော ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ဒေါက်တာထက်မြတ်ထွဋ်က ပြောပါတယ်။

ဒါပေမယ့် ဆေးရုံကို ရောက်လာတဲ့ကလေးငယ်တွေ အသေအပျောက်ရှိတယ်ဆိုတဲ့ သတင်းတွေ ကတော့ မကြားသိရသေးပါဘူး။ ကယားပြည်နယ်အတွင်းဝေးလံတဲ့ကျေးရွာတွေမှာ နှစ်စဉ်လိုလို နွေရာသီရောက်တိုင်း ဒေသခံတွေဟာ ရေရှားပါးမှုနဲ့ ကြုံတွေ့နေရတာပါ။

ကယား ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည်ကတော့ ပြည်နယ်တွင်း က လက်ရှိ ဖြစ်နေတဲ့ ကျန်းမာရေး အခြေအနေနဲ့ ဆောင်ရွက်ပေးမှုတွေကိုတော့ ဒီဗွီဘီကို ပြောပါတယ်။

ကယားပြည်နယ် အတွင်းမှာ ၀မ်းလျောဝမ်းပျက်ရောဂါဖြစ်ပွားနေတဲ့ကလေးငယ် အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
အပြည့်အစုံ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013