Home
မြန်မာသတင်း
ထိခိုက်ဒဏ်ရာရ ကလေး PDF ရဲဘော်များအတွက် အရေးပေါ်ဆေးဝါးကုသရန် အကူအညီလိုအပ်
DVB
·
July 4, 2022

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အခြေစိုက်၊ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းတခု ဖြစ်တဲ့ Vakok-CNDF တပ်ဖွဲ့က ဇွန်လ‌နှောင်းပိုင်း တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေအတွက် အရေးပေါ်ဆေးဝါး အကူအညီ လိုအပ်နေပါတယ်။

“ထိုးစစ်ကဆင် ကျည်ဖိုးကအကျွေးတင်၊ ထိခိုက်ဒဏ်ရာရထားတဲ့ ရဲဘော်တွေအတွက် ဆေးကုသ စရိတ်က မရှိနဲ့ အခက်အခဲတွေ အများကြီးဖြစ်နေလို့ ကူညီပေးကြပါဦး။ ကျနော်တို့မှာ လိုင်း အခက်ခဲကြောင့် အလှူခံဖို့တောင် အဆင်မပြေပါဘူး။ အခက်ခဲဖြစ်နေတာကိုတောင် ထုတ်ပြောပြီး အလှူမခံနိုင်တဲ့ အခြေအနေဖြစ်နေလို့ပါ။ တတ်နိုင်သလောက် ကူညီပေးပါ၊ အလှူရှင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးကြပါ။ အရေးတော်ပုံအောင်တဲ့အထိ ကြိုးစားပြီး တိုက်ပွဲဝင်ပါ့မယ်ခင်ဗျ”လို့ Vakok-CNDF ရဲဘော်တဦးက ပြောပါတယ်။

တပ်ရင်းမှာ ထိခိုက်ဒဏ်ရာရထားတဲ့ ရဲဘော်တွေ များပြားနေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သရွေ့ ပါဝင်ကူညီ‌ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကလေးမြို့ပေါ်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏ ပြုလုပ်နေပြီး ဒေသခံတွေလည်း စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်ခံနေရတာကြောင့် မြို့နေပြည်သူတွေ စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးနယ်တောင်ပိုင်းမှာ လတ်တလော သာလွန်အင်အားသုံးကာ ကုန်းကြောင်း၊ လေကြောင်း ထိုးစစ်ဆင်နေပြီး ကျေးရွာ ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကလေးမြို့နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်း အမှောင်ချထားတာ  ၅ လ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024