Home
မြန်မာသတင်း
ရွှေပြည်သာတွင် ဆောက်လက်စ အဆောက်အဦပြိုကျပြီး ၇ ဦး ဒဏ်ရာရ
DVB
·
July 4, 2022
292183276_3278562422471496_8396801817674142958_n
292163982_3278562362471502_3354072882841525196_n
291948875_3278562292471509_5163767397074149160_n

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဇူလိုင် ၄ ရက် မနက်က ဆောက်လက်စ အဆောက်အဦပြိုကျပြီး လူ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၅ ရပ်ကွက်၊ ပတ္တမြားလမ်းမှာ ဆောက်လုပ်ဆဲ နှစ်ထပ် အဆောက်အဦ ပြိုကျခဲ့တာလို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးခဲ့တဲ့ အမျိုးသားတဦးက ပြောပါတယ်။

“မနက် ၁၀ နာရီလောက်က ဖြစ်တာ။ ဆောက်လက်စ အဆောက်အဦ  နောက်ဘက်ခြမ်းပြိုကျတာ။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်။” 

ဆောက်လုပ်ဆဲ ပေ ၂၀ x ၆၀ အဆောက်အဦ အနောက်ဘက်ခြမ်း ပေ ၂၀ လောက် ပြိုကျခဲ့ပြီး ၇ ဦး ဒဏ်ရာရှိခဲ့တာပါ။ 

ဒဏ်ရာစိုးရိမ်ရတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး အင်းစိန်ဆေးရုံကို ပို့ဆောင်ထားပြီး ဒဏ်ရာမပြင်းထန်တဲ့ အမျိုးသား ၅ ဦးကိုတော့ ရန်ကုန်ဆေးရုံကြီးကို လူမှုကယ်ဆယ်ရေးကားတွေနဲ့ ပို့ဆောင် ဆေးကုသပေးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024