မုန်တိုင်းကြောင့် တရုတ်နိုင်ငံတောင်ပိုင်း၌ ရေလွှမ်း

တရုတ်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းကို မုန်တိုင်းဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကို ဝင်လာခဲ့လို့ လှိုင်းကြီးပြီး အကြီးအကျယ် ရေလွှမ်းနေပုံတွေကို တရုတ်အစိုးရရုပ်သံ စီစီတီဗီက ဇူလိုင် ၃ ရက် မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ 

မီးသတ်သမားတွေက လူတွေကို ခြောက်သွေ့တဲ့ ကုန်းမြေဆီရွှေ့ဖို့ ကူညီနေပြီး ရဲတွေကတော့ ရေဝိုင်းခံနေရတဲ့ ကားမောင်းသူတွေကို ဇူလိုင် ၂ ရက်က လမ်းပြပေးခဲ့ပါတယ်။

ဒီနှစ်အတွက် တတိယတိုင်ဖုန်းမုန်တိုင်း ချာဘာဟာ ဇူလိုင် ၂ ရက်က တရုတ်တောင်ပိုင်း ကွမ်တုံပြည်နယ်ကနေတဆင့် ကုန်းတွင်းကို ဝင်ခဲ့တာပါ။

မုန်တိုင်းမျက်စိလို့ ခေါ်တဲ့ မုန်တိုင်းဗဟိုချက်နားမှာ အမြင့်ဆုံး​လေတိုက်နှုန်းက ၁ နာရီ ၇၈ မိုင်ထိ ရှိခဲ့ပါတယ်။

နွေရာသီတိုင်း တရုတ်နိုင်ငံမှာ ရေကြီးလို့ မြေပြိုတာတွေနဲ့ လယ်မြေတွေ၊ မြို့တွေ ရေမြုပ်တာတွေ ဖြစ်လေ့ ရှိပါတယ်။

အမြန်ဖွံ့ဖြိုးတိုးတက်မှုနဲ့ မြို့ပြဖြစ်ထွန်းမှုတွေဟာ သဘာဝ ရေနုတ်မြောင်းစနစ်တွေကို မကြာခဏ ပိတ်ဆို့စေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

//
More News
Up