DVB Logo
Home
Lead Story
အမ်အန်တီဗွီချန်နယ်ကနေ ဘီဘီစီ၊ ထိုင်းကာတွန်းကလပ်နဲ့ အန်အိတ်ခ်ျကေ အစီအစဉ်တွေ လွှင့်မည်
DVB
·
March 31, 2014
အမ်အန်တီဗွီချန်နယ်ကနေ ဘီဘီစီ၊ ထိုင်းကာတွန်းကလပ်နဲ့ အန်အိတ်ခ်ျကေ အစီအစဉ်တွေ လွှင့်မည်
Donate to DVB

ရွှေသံလွင်ကုမ္ပဏီက ပိုင်ဆိုင်ပြီး စကိုင်းနက် ဂြိုလ်တုစလောင်းဖမ်းစက်ကနေ ထုတ်လွှင့် ပေးနေတဲ့ မြန်မာနေရှင်နယ်ရုပ်သံ (အမ်အန်တီဗွီ)ဟာ သူ့ချန်နယ်ကနေ ဗြိတိန်အခြေစိုက် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်၊ ဂျပန်အခြေစိုက် အန်အိတ်ခ်ျကေနဲ့ ထိုင်းအခြေစိုက် ကာတွန်းကလပ်က အစီအစဉ်တွေကို လာမယ့် ဧပြီ ၅ ရက်နေ့က စပြီး ထုတ်လွှင့်သွားမယ်လို့ အမ်အန်တီဗွီက ဦးရဲမင်းဦးက ပြောပါတယ်။

13580378_targarmntv_1362803715,640x360,r 1ဘီဘီစီမြန်မာပိုင်းအစီအစဉ် တင်ဆက်မှုတွေကို ၁ ပတ် ၅ ရက်၊ တနေ့ကို ၁၀ မိနစ်စာ တင်ဆက်သွားမယ်လို့ ဆိုပါတယ်။

အမ်အန်တီဗွီရုပ်သံဟာ ၂၄ နာရီ ထုတ်လွှင့်နေတဲ့ သတင်းဦးစားပေး ရုပ်သံ ဖြစ်ပါတယ်။ လက်ရှိ စကိုင်းနက်ဂြိုလ်တုစလောင်း ဖမ်းစက်ကနေ ထုတ်လွှင့်ပေးနေပြီး မန္တလေးနဲ့ စစ်ကိုင်း မှာတော့ အခမဲ့ ဖမ်းယူ ကြည့်ရှု့နိုင်ပြီ ဖြစ်ပါတယ်။

အခုနောက်ပိုင်း ရန်ကုန်နဲ့ မြန်မာပြည် အရပ်ရပ်မှာ ထပ်ဆင့်လွှင့် စက်ရုံတွေ တည်ဆောက်နေပြီး ဒီနှစ်မကုန်ခင် Free to Air ထုတ်လွှင့်သွားမယ်လို့ ဦးရဲမင်းဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013