Home
မြန်မာသတင်း
တမူး CDM ပြည်သူ့ရဲတပ်ဖွဲ့ထံ ပြည်သူကလှူဒါန်းသည့် လက်နက် ထပ်မံရောက်ရှိ
DVB
·
July 3, 2022

စစ်ကိုင်းတိုင်း၊ တမူးမြို့အခြေစိုက် တမူး CMDပြည်သူ့ရဲတပ်ဖွဲ့အတွက် ပြည်သူလူထုက လှူဒါန်းတဲ့ လက်နက်တချို့ နောက်ထပ်ရောက်ရှိလာတယ်လို့ Fighter Police CDM Tamu တာဝန်ရှိသူက ပြောပါတယ်။

လက်နက်ဝယ်ယူရတာ ခက်ခဲပြီး သယ်ယူရမှာလည်း လမ်းကြောင်းအခက်အခဲတွေကြောင့် ကြာမြင့်နေတဲ့ လက်နက်တွေ ရောက်ရှိလာပြီလို့ဆိုပါတယ်။

Fighter Police CDM Tamu တာဝန်ရှိသူက “ အလှူရှင်များမှ လှူဒါန်းသော M4 16‌ သေနတ် ၂ လက် ၊ ကျည်ဘောက်(၁၂)၊ M16 A1တစ်လက်၊ ကျည်တောင့် 100 ၊ AK47 ကျည်100တို့ရောက်ရှိလာပါပြီ။‌ တိုက်ပွဲဝင်သေနတ်စုစု‌ပေါင်း ၄ လက်‌ ရှိလာပြီ။ အလှူရှင်တွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ နောက်ထပ်လည်း လှူဒါန်းပေးကြပါဦး။"လို့ ပြောပါတယ်။

ဒီထက်ပိုပြည့်စုံတဲ့ လက်နက်တွေရရှိနိုင်ဖို့ ပြည်သူလူထုအနေနဲ့ တတ်နိုင်သရွေ့ပါဝင် လှူဒါန်းကြဖို့နဲ့ မိမိတို့တပ်ဖွဲ့ဘက်မှ စစ်အာဏာရှင်ကျဆုံးရေးအတွက်အစွမ်းကုန်တော်လှန်သွားမယ်လို့တမူး  PDF က ဆိုပါတယ်။

လတ်တလောမှာတော့ တမူးမြို့နယ်မှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်နေမှုကို ခံနေကြရပြီး စစ်ကောင်စီတပ်နဲ့  တမူး PDF တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

တမူးမြို့နယ်နဲ့ ကလေးမြို့နယ်ကြားမှာ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်း ထိုးနေပြီး ကလေး-တမူးလမ်းပိုင်းမှာ စစ်ရေး တင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ ဇွန်လ‌ နှောင်းပိုင်းကစလို့ ကလေး-တမူး လမ်းကြောင်းကို ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ကိုလည်း တမူး PDF က သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024