Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် ခရီးသွားပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
DVB
·
July 2, 2022

မကွေးတိုင်းပေါက်မြို့နယ်မှာ ဇွန် ၂၉ ရက်မနက်က  ခရီးသွားပြည်သူ လေးယောက်ကို စစ်ကောင်စီတပ်တွေက PDF ထောက်ပံ့ပေးသူလို့ စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါင်မြို့နယ်၊ ယာကြီးပြင်ကျေးရွာနားမှာ ဇွန် ၂၉ ရက် မနက် ၈ နာရီလောက်က ခရီးသွား အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး တယောက်ကို PDF အတွက်ဆက်ကြေးကောက်ခံပြီး ထောက်ပံ့ပေးသူတွေလို့စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးသွာတာလို့ ပေါက်မြို့ဒေသခံက ပြောပါတယ်။

အဖမ်းခံရတဲ့ သူတွေကတော့ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ အမှတ် ၆ ရပ်ကွက်က ကိုကျော်နိုင်၊ ကိုဇော်ညွှန့်၊ ကိုထွန်းဦးနဲ့ မဖြူဖြူဝင်းတို့ ဖြစ်ကြပါတယ်။

ဒေသခံတဦးက “တကယ်တော့ စစ်(...)တွေက ခေတ်ပျက်ထဲမှာ စီးပွားရှာနေကြတာဗျ။ နည်းနည်းငြိတာနဲ့ တန်းဖမ်းတော့တာ ။ငွေနဲ့လိုက်ရင် ပြန်လွှတ်ပေးပြီး ငွေမပေးနိုင်သူတွေကိုတော့ စစ်ကြောရေးနဲ့ ထောင်ကိုပို့ကြတယ်။ ဒီကောင်တွေက ပိုက်ဆံချမ်းသာတဲ့ သူဌေးတွေကို လိုက်ဖမ်းပြီး သိန်းထောင်နဲ့ ချီဂွင်ဖန်နေလို့ ပခုက္ကူမြို့ပေါ်က သူဌေးတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြတယ်”လို့  ပြောပါတယ်။

ပခုက္ကူမြို့မှာ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းကလည်း ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ အတွင်းရေးမှူးဟောင်း တယောက်ကို  မမှန်သတင်းရေးသား ဖြန့်ဝေလို့ ဆိုပြီး စစ်အုပ်စုတွေက ရိုက်နှက်ဖမ်းဆီးသွားပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၁၃၆၂ ဦးရှိပြီး ၁၂၀၈ ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)  မှတ်တမ်းအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024