DVB Logo
Home
မြန်မာသတင်း
Kirin လုပ်ငန်းစုရှယ်ယာများ ဦးပိုင်ထံရောင်းချမှု တာဝန်မဲ့ထွက်ခွာခြင်းဖြစ်ဟု Justice For Myanmar ပြော
DVB
·
July 1, 2022
Kirin လုပ်ငန်းစုရှယ်ယာများ ဦးပိုင်ထံရောင်းချမှု တာဝန်မဲ့ထွက်ခွာခြင်းဖြစ်ဟု Justice For Myanmar ပြော
Donate to DVB

ဂျပန်အခြေစိုက် အဖျော်ယမကာလုပ်ငန်းကြီးဖြစ်တဲ့ Kirin လုပ်ငန်းစုကြီးက ရှယ်ယာတွေကို ဦးပိုင်လီမိတက်ထံ ရောင်းချလိုက်တာဟာ တာဝန်မဲ့ ထွက်ခွာမှုသာ ဖြစ်တယ်လို့ Justice For Myanmar က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Kirin ရဲ့ ရှယ်ယာတွေကို စစ်တပ်ပိုင် လုပ်ငန်းစုကြီးဖြစ်တဲ့ ဦးပိုင်လီမိတက် (MEHL) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြန်မာဘရူဝါရီနဲ့ မန္တလေးဘရူဝါရီ ဖက်စပ်လုပ်ငန်းစုတွေဆီ ရောင်းချမယ်လို့ ဇွန် ၃၀ ရက်က ကြေညာလိုက်တဲ့အတွက် အဲဒီလုပ်ငန်းမှ ရရှိတဲ့ဝင်ငွေဟာ အကြမ်းဖက်မြန်မာစစ်တပ်အဖို့ ဘဏ္ဍာငွေ အဆက်မပြတ် စီးဆင်းစေမယ့် ရလမ်းတခု ဖြစ်ပေါ်စေပါတယ်။

အဆိုပါကြေညာချက်မတိုင်မီ အစောပိုင်းက (၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ထုတ်) ဂျပန်တူဒေးသတင်းစာမှာ ဖော်ပြချက်အရ Kirin လုပ်ငန်းစုက မြန်မာစစ်တပ်ပိုင် ကုမ္ပဏီ နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းကို မြန်မာနိုင်ငံမှ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပေမယ့် အစုရှယ်ယာတွေကို မည်သူ့အား ရောင်းချမယ်ဆိုတာနဲ့စပ်လျဉ်းပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှ ထွက်ခွာမယ့် အကြောင်းနဲ့ပတ်သက်ပြီး Kirin လုပ်ငန်းစုကြီးရဲ့ပိုင်ရှင် San Miguel က ကျနော်တို့ ဘုတ်အဖွဲ့က ဒီဆုံးဖြတ်ချက်ကို ချလိုက်တာပါ။ ဒါကတော့ စစ်တပ်ပိုင်လုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီပွားရေး ဦးပိုင်လီမိတက်နဲ့ မိတ်ဖက်ဆောင်ရွက်နေတဲ့ ကျနော်တို့ရဲ့ လုပ်ငန်းကို ဆုံးခန်းတိုင် အပြီးသတ်လိုက်ပါပြီ။ ပြီးတော့ Kirin က အလိုရှိတဲ့ စီးပွားရေးဆိုင်ရာ စွန့်စားမှု လမ်းကြောင်းအတိုင်း ခက်ခက်ခဲခဲနဲ့ အလျင်အမြန် အဆုံးသတ်လိုက်တာပါလို့ ပြောပါတယ်။

ဒီအတွက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက Kirin ကုမ္ပဏီ အနေနဲ့ တာဝန်ရှိစွာ နုတ်ထွက်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြတာပါ။ ဒါပေမယ့် Kirin ရဲ့ တာဝန်မဲ့စွာ လုပ်ရပ်က စိတ်ပျက်စရာပါလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။

“Kirin ရဲ့ တာဝန်မဲ့စွာ ထွက်ခွာမှုက မြန်မာပြည်မှာ အကျပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေကို အကြမ်းဖက်ကျူးလွန်နေတဲ့ စစ်တပ်ပိုင် ဦးပိုင်လီမိတက်ရဲ့ စီးပွားရေးလုပ်ငန်းတွေက ကူညီကျားကန် ပေးနေသလို ဖြစ်နေပါတယ်။ ဒါကြောင့် Kirin အနေနဲ့ စိတ်ပျက်ဝမ်းနည်းစရာကောင်းတဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းရပါမယ်။ ဒီလိုမှ မဟုတ်ရင် တော့ အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သတ်မှုအတွက် မဖြစ်မနေ တာဝန်ခံရမှာ ဖြစ်တယ်” လို့ Justice For Myanmar က ဆိုပါတယ်။

ဒါ့အပြင် Kirin အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာဆောင်ရွက်ရမယ့် ပြဋ္ဌာန်းချက်တွေကို လေးစာလိုက်နာပြီး စစ်တပ်ပိုင် ဦးပိုင်လီမိတက်ဆီက ထိန်းသိမ်းထားတဲ့ အမြတ်ဝေစုကိုလည်း အများပြည်သူသိအောင် ထုတ်ဖော်ပေးဖို့ လိုပါတယ်။

Justice For Myanmar မှ မရတနာမောင်က Kirin ရဲ့ ရှယ်ယာလွှဲပြောင်းမှုမှာ သူတို့ရဲ့ စင်ကာပူကုမ္ပဏီခွဲ Kirin Holdings Singapore Pte လည်း ပါဝင်ကြောင်း၊ စင်ကာပူအနေနဲ့ သူတို့ရဲ့ ဘဏ္ဍာရေးစည်းစနစ်တွေကတဆင့် Kirin ရဲ့ စီးပွားရေးမိတ်ဖက် နဲ့ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အပါအဝင် အကြမ်ဖက် မြန်မာစစ်အုပ်စုကို အကျိုးရှိစေမယ် ငွေကြေးလွှဲပြောင်းမှုတွေကို တားဆီသင့်တယ်လို့ ပြောပါတယ်။

ဂျပန် Kirin လုပ်ငန်းစုနဲ့ စစ်တပ်ပိုင် ဦးပိုင်လီမိတ်တို့က မြန်မာနိုင်ငံမှာ အဖျော်ယမကာလုပ်ငန်းဆောင်ရွက်ဖို့အတွက် မြန်မာဘရူဝါရီလီမိတက် (Myanmar Brewery Limited) ကို ၁၉၉၅ ခုနှစ် မတ်လမှာ အကျိုးတူဖက်စက်လုပ်ငန်းအနေနဲ့ တည်ထောင်ခဲ့တာပါ။ စတင်တည်ထောင်ချိန်က အမေရိကန်ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံထားတယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

မြန်မာဘရူဝါရီလီမိတက်ဟာ ပြည်တွင်း အဖျော်ယမကာ ဈေးကွက်မှာ အမည်ရနေတဲ့ လုပ်ငန်းတခုဖြစ်ပြီး အဲဒီလုပ်ငန်းကနေ မြန်မာဘီယာ၊ Myanmar Premium ဘီယာ၊ Kirin Ichiban ဘီယာ၊ Myanmar Lager ဘီယာ၊ Andaman Gold ဘီယာ၊ Black Shield Stout ဘီယာ စတဲ့ အမှတ်တံဆိပ်တွေနဲ့ ထုတ်လုပ်ရောင်းချနေတာပါ။

ရှယ်ယာပိုင်ဆိုင်မှုမှာတော့ ဂျပန်အဖျော်ယမကာကုမ္ပဏီဖြစ်တဲ့ Kirin က ၅၁ ရာခိုင်နှုန်းနဲ့ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ လီမိတက်က ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်ကြတာပါ။

Kirin ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ ရှယ်ယာလွှဲပြောင်းမှုတန်ဖိုးမှာ ဂျပန် ယန်း သန်းပေါင်း ၂၂၄၀၀ နီးပါး (မြန်မာငွေ ကျပ်သန်းပေါင်း ၃၂၄၀၀၀ ရှိပြီး) အမေရိကန်ဒေါ်လာ သန်း ၁၆၃ ဒသမ ၉ သန်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013