Home
မြန်မာသတင်း
လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ
DVB
·
July 1, 2022
289424866_1391226558025723_7930419171134929039_n
289393852_1391226654692380_4296620824721004030_n
289393852_1391226654692380_4296620824721004030_n
289424866_1391226558025723_7930419171134929039_n
289393852_1391226654692380_4296620824721004030_n

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ အင်အားသုံး ဖမ်းဆီးမှုတွေရှိနေပေမယ့် ဒီကနေ့ ဇူလိုင် ၁ ရက်၊ မနက်ပိုင်းမှာ လူငယ်တွေက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုကိုဦးဆောင်တဲ့ ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တဦးက “ပြည်သူတွေကို မတရားဖိနှိပ် ဖမ်းဆီးသတ်ဖြတ်နေတဲ့ အာဏာရှင်တွေလက်အောက်က လွတ်မြောက်ချင်ရင် ကျနော်တို့ ပြည်သူတရပ်လုံး အတူတော်လှန်ကြမှရမယ်။ ကျနော်တို့ အခုလို သပိတ်လှုပ်ရှားမှုတွေ လုပ်တာက ပြည်သူတွေ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာစေဖို့ စည်းရုံးတာလည်း ရောက်ပါတယ်” လို့ ပြောပါတယ်။

လောင်းလုံးမြို့နယ်အတွင်း ဇွန် ၁၆ ရက်ကနေစပြီး စစ်ကောင်စီက တပ်အင်အားသုံး ဖမ်းဆီးမှုများကြောင့် CDM ဝန်ထမ်းတွေအပါအဝင် ပြည်သူ ၄၀ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေပူးပေါင်းကာ ပြည်သူ ၈ ဦးကို အကြမ်းဖက် ဖမ်းဆီးပစ်ခတ်ခဲ့တာကြောင့် ၆ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့လည်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့က နေအိမ် ၁၀ လုံးလောက်ကို ဝင်ရောက်စီးနင်းရှာဖွေကာ ပိုက်ဆံနဲ့ တန်ဖိုးရှိ ပစ္စည်းအချို့ကို ယူဆောင်သွားတဲ့အပြင် နေအိမ်တလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024