ရန်ကုန်နှင့် မန္တလေး မြို့များတွင် သင်္ကြန်ရေကစားမဏ္ဍပ်ပေါင်း ၁၄၀ ခွင့်ပြု
DVB
·
March 30, 2014

လာမယ့် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့မှာ သင်္ကြန်ရေကစားမဏ္ဍပ်ပေါင်း ၉၀ ကျော်နဲ့ မန္တလေးမြို့မှာ မဏ္ဍပ်ပေါင်း ၅၀ ကျော် ဆောက်လုပ်ခွင့်ပြုထားတယ်လို့ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေက ကြေညာလိုက်ပါတယ်။
[caption id="attachment_54112" align="alignleft" width="400"]
၂၀၁၃ ခုနှစ် ရန်ကုန်မြို့ရှိ သင်္ကြန်ရေကစားမဏ္ဍပ်တခုအား မြင်တွေ့ရစဉ်[/caption]ရန်ကုန်မြို့မှာ အလျား ပေ ၁၀၀ အထက် မဏ္ဍပ်ကြီး ၅၇ ခုနဲ့ အလျားပေ ၅၀ အထက် အလတ်စား မဏ္ဍပ်ပေါင်း ၃၆ခု တည်ဆောက်ခွင့် ပြုထားတာပါ။
ရန်ကုန်မြို့မှာ မနှစ်က သင်္ကြန်မှာ မဏပ်ပေါင်း ၄၀ကျော်ပဲ တည်ဆောက်ခွင့်ပြုခဲ့တာမို့ ဒီနှစ်သင်္ကြန်မှာ မဏပ်ထက်ဝက် တိုးမြှင့် တည်ဆောက်ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
