DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပြောင်း ပြည်ပတင်ပို့မှု ရပ်တန့်လုနီးပါးဖြစ်နေပြီး စျေးဆက်တိုက်ကျဆင်း
DVB
·
June 30, 2022
မြန်မာ့ပြောင်း ပြည်ပတင်ပို့မှု ရပ်တန့်လုနီးပါးဖြစ်နေပြီး စျေးဆက်တိုက်ကျဆင်း
Donate to DVB

ပို့ကုန်လိုင်စင်မရတဲ့ အခက်အခဲကြောင့်  မြန်မာပြည်တွင်း ပြောင်းကုန်စည် အရောင်းအဝယ်နဲ့ ပြည်ပတင်ပို့မှု ရပ်တန့်လုနီးပါးဖြစ်နေကာ စျေးဆက်တိုက်ကျဆင်းနေတယ်လို့ ပြောင်းကုန်သည်တွေထံက သိရပါတယ်။

“Export က မထွက်သလောက်ဆိုတော့ အရောင်းအဝယ်က ရပ်သလောက်ဖြစ်သွားတယ်။ အဓိကက ပို့ကုန်လိုင်စင်မရတဲ့ အခြေအနေတွေကြောင့်” လို့ ပြောင်းကုန်သည်တဦးက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းဒေါ်လာငွေလဲနှုန်း သတ်မှတ်ချက်၊ ကုန်စည်တင်သင်္ဘောရရှိဖို့ အခက်အခဲ စတဲ့အချက်တွေကလည်း ပြည်ပကို မြန်မာ့ပြောင်းတင်ပို့မှုအပေါ် သက်ရောက်နေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံမှာလည်း ပြည်တွင်းပြောင်း ထွက်ရှိနေပြီး စျေးကျဆင်းနေတာကြောင့်  မြန်မာနိုင်ငံကထွက်ရှိတဲ့ ပြောင်းကို အဝယ်နည်းနေတယ်လို့ သိရပါတယ်။

ပြည်တွင်းအစာစပ်စက်ရုံတွေရဲ့ ဝယ်အားကလည်း လုပ်ငန်းရပ်နားထားရတဲ့ စက်ရုံတွေ ရှိနေတာကြောင့် လျော့ကျနေတယ်လို့ သိရပြီး ပြည်တွင်းပြောင်းလက်ကျန် အများစုက ကုန်သည်နဲ့ ပွဲရုံတွေရဲ့ လက်ဝယ်မှာ ပိတ်မိနေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းက တပိဿာကို ပေါက်စျေး ၁,၁၀၀ ကျပ်ဝန်းကျင်ရှိခဲ့တဲ့ ပြောင်းဆံစျေးက အခု ဇွန် ၂၉ ရက်မှာ တပိဿာကို ၁,၀၀၀ ဝန်းကျင်စျေး ဖြစ်ပေါ်နေပါတယ်။ တလအတွင်း ပြောင်းဆံတပိဿာကို ၁၀၀ ကျပ်ဝန်းကျင် ကျဆင်းခဲ့တာပါ။

အခုလို စျေးကျဆင်းနေပေမဲ့လည်း ပြည်တွင်းသုံးစွဲမှုနည်းပြီး ပြည်ပတင်ပို့မှု နှေးကွေးနေတာကြောင့် စျေးကွက်အတွင်းမှာ အဝယ်နည်းပါးနေတယ်လို့ သိရပါတယ်။

ပြောင်းစျေးကွက် အလားအလာဟာ ကုန်သွယ်ရေးမူဝါဒ၊ ငွေကြေးမူဝါဒ စတဲ့ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေအပေါ် မူတည်နေပြီး ခန့်မှန်းရခက်တဲ့ အနေအထား ဖြစ်ပေါ်နေတယ်လို့ ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကစတင်ပြီး ပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့် အပါအဝင် ပြောင်းကို တဆင့်မြှင့် ကြိတ်ခွဲထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ပို့ကုန်လိုင်စင် လျှောက်ထားဖို့လိုတဲ့ ကုန်စည်တွေအဖြစ် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013