Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ဖုန်းထဲတွေ့မှုဖြင့် ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးရိုက်နှက် အမှုဖွင့်
DVB
·
June 30, 2022

ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေမှာ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံဖုန်းထဲတွေ့ရှိမှုနဲ့ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်ပြီး  ရာဇသတ်ကြီး  ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဇွန်လ ၁၉ ရက်က စတင်ကာ ဖုန်းတွေကို လမ်းဆုံ လမ်းဂွတွေမှာ စစ်ဆေးတာဖြစ်ပြီး သီတင်း တပတ်အတွင်းမှာ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆို ခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“မွေးနေ့က စစစ်တာ အရင်ကလည်း စစ်တာတော့ ရှိတယ်။ မစစ်တာကြာပြီ ပြန်ပြီး ဖုန်းတွေစစ်တာက အဲ့နေ့မှအဲ့မှာ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ့တယ်ဆိုတာနဲ့ ရိုက်နှက်ဖမ်းတာ၊ စစ်တပ်ကိုခေါ်ပြီး ရိုက်နှက်တာတွေ လုပ်သေးတယ်။ ပြီးမှ စခန်းလာပို့တာ”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ဖမ်းဆီးတာခံရတဲ့ပြည်သူတွေထဲမှာ ပုသိမ်၊ ပန်းတနော်၊ အိမ်မဲ၊ မြောင်းမြ၊ ညောင်းတုန်၊ မအူပင်မြို့နယ်တွေအပြင် ကျိုက်လတ်မြို့နယ်က အများဆုံးဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေလို့ ဖမ်းဆီးခံရတဲ့ ပြည်သူဟာ ၁၀၀ ကျော်ထိရှိနိုင်ပြီး တချို့ကိုတော့ ပိုက်ဆံတောင်းကာ ပိုက်ဆံရရင်ပြန်လွှတ်ပေးတာကြောင့် ပိုက်ဆံမပေးနိုင်တဲ့ ၃၀ ကျော်ကိုသာ တရားစွဲဖို့ ရဲကိုလွှဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024