DVB Logo
Home
Lead Story
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနေရင် လက်ပံတောင်း စီမံကိန်းကို ဆက်မလုပ်
DVB
·
March 30, 2014
သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနေရင် လက်ပံတောင်း စီမံကိန်းကို ဆက်မလုပ်
Donate to DVB

ပြည်သူတချို့ ကန့်ကွက်နေဆဲ ဖြစ်တဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ESIA အစီရင်ခံစာ ပြုစုနေဆဲ ဖြစ်ပြီး တကယ်လို့ ဆိုးကျိုးသက်ရောက်မှု များနေရင်တော့ ရှေ့ဆက်ပြီး လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ မြန်မာ ၀မ်ပေါင် ကြေးနီသတ္တုတူးဖော်ရေး လီမိတက်ရဲ့ ညွှန်မှူး မစ္စတာဂန်းရီက ပြောတယ်လို့ ကုမ္ပဏီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

[caption id="attachment_44933" align="alignleft" width="300"]၀မ်ပေါက်ကုမ္ပဏီမှ လက်ပံတောင်းတောင်ဒေသရှိ လျော်ကြေးယူထားခြင်းမရှိတဲ့ လယ်ယာမြေတွေကို ဘော်ဒိုဇာနဲ့ ဖျက်ဆီးနေစဉ် ၀မ်ပေါက်ကုမ္ပဏီမှ လက်ပံတောင်းတောင်ဒေသရှိ လျော်ကြေးယူထားခြင်းမရှိတဲ့ လယ်ယာမြေတွေကို ဘော်ဒိုဇာနဲ့ ဖျက်ဆီးနေစဉ်[/caption]ပြီးခဲ့တဲ့နှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ပေါ်ထွက်လာပြီးနောက် အစီရင်ခံစာပါအတိုင်း သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုရှိ မရှိ ဆန်းစစ်တဲ့ ESIA အစီရင်ခံစာ ပြုစုဖို့ တင်ဒါခေါ်ခဲ့ရာမှာ သြစတြေးလျ ကုမ္ပဏီ တခုဖြစ်တဲ့ Knight Pie'sold (ကေပီ) က တင်ဒါရပြီး လက်ရှိ အစီရင်ခံစာ ပြုစုနေပါတယ်။

အစီရင်ခံစာ အချောသတ် ဧပြီလကုန်မှာ ထွက်လာမယ်လို့ ခန့်မှန်းထားပြီး အစိုးရရဲ့ စီစဉ်မှုကို လေးစားလိုက်နာသွားမယ်လို့ ကုမ္ပဏီထုတ်ပြန်ချက်မှာ မစ္စတာဂန်းရီက ပြောဆို ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013