မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်သူ့ရင်ပြင်အနီးမှာ ဇွန် ၂၈ ရက် ည ၁၁ နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာမှာ လူထိခိုက်မှုမရှိပေမဲ့ မြို့လယ်ကောင်မှာ ညဘက် လူတွေအိပ်နေချိန် အခုလို ပြင်းထန်တဲ့ ဗုံးပေါက်ကွဲသံကြောင့် ပတ်ဝန်းကျင်မှာနေထိုင်သူတွေ တုန်လှုပ်ကြောက်လန့်သွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ရေးမြို့နယ်ပြန်ဆက်ရုံးဘေးလမ်း နေရာနဲ့ ပြည်သူ့ရင်ပြင်လမ်း ၂ နေရာမှာ ဇွန် ၂၈ ရက် တရက်တည်းမှာပဲ မနက်နဲ့ ည ဗုံးပေါက်ကွဲသံကြောင့် လူတွေ ထိတ်လန့်ပြီး တနေ့တခြား စိုးရိမ်နေကြပါတယ်။
ရေးမြို့နယ်မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေ့ရောညပါ လုံခြုံရေးတွေ တင်းကျပ်ထားပေမဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။