DVB Logo
Home
Lead Story
နိုင်ငံခြားသားတွေ ရထားခ ကျပ်ငွေနဲ့ပဲ ပေးရတော့မည်
DVB
·
March 30, 2014
နိုင်ငံခြားသားတွေ ရထားခ ကျပ်ငွေနဲ့ပဲ ပေးရတော့မည်
Donate to DVB

မြန်မာ့မီးရထားက ပြေးဆွဲနေတဲ့ အဝေးပြေးရထားတွေနဲ့ မြို့ပတ်ရထား စီးနင်းသူ နိုင်ငံခြားသားတွေအနေနဲ့ လက်မှတ်ခ ဒေါ်လာနဲ့ ပေးချေနေရာကနေ လာမယ့် ဧပြီ ၁ ရက်နေ့ကစ မြန်မာကျပ်ငွေနဲ့ပဲ ကောက်ခံသွားတော့မယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်ကြေညာထားပါတယ်။

trainလက်မှတ်ခကို ကျပ်ငွေနဲ့ ပြောင်းလဲကောက်ခံရာမှာလည်း အရင် နိုင်ငံခြားသားတွေကို ကောက်တဲ့နှုန်းထားအတိုင်း မဟုတ်ပဲ မြန်မာနိုင်ငံသားတွေကို ကောက်တဲ့နှုန်းအတိုင်း ကောက်ခံ မယ်လို့ ရန်ကုန်ဘူတာကြီး တာဝန်ရှိသူတယောက်ကလည်း အတည်ပြု ပြောဆိုပါတယ်။

ဒီအတွက် နိုင်ငံခြားသားတယောက်ဟာ ရန်ကုန်- မန္တလေး အထူးတန်းလက်မှတ် လက်ရှိ ဒေါ်လာ ၃၀ ပေးနေရာကနေ မြန်မာတွေ နည်းတူ ကျပ်ငွေ ၉၃၀၀ ပဲ ပေးရတော့မှာ ဖြစ်သလို၊ ရိုးရိုးတန်း လက်မှတ်အတွက် ၁၁ ဒေါ်လာ ပေးနေရာကနေ ကျပ်ငွေ ၄၆၅၀ ပဲ ပေးရတော့မှာ ဖြစ်ပါတယ်။

နှစ်စဉ် ရန်ကုန်ဘူတာကြီးကနေ ရထားစီးတဲ့ နိုင်ငံခြားသား ၁ သိန်း လောက်ရှိပြီး မြို့ပတ်ရထားကို အပျော်စီးသူ ၁ နှစ် ၂ သိန်းလောက် ရှိတယ်လို့ မြန်မာ့မီးရထားက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013