ကူမဲမြို့တွင် ရဲဗလဘွဲ့ရ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နယ်ခွဲ ဆယ်ရွာရပ်ကွက်မှာ ဇွန် ၂၄ ရက် ညက စစ်ကောင်စီ ချီးမြှင့်ထားတဲ့ ရဲဗလဘွဲ့ရ  ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနိုင် သေနတ်နဲ့ ပစ်သတ်ခံရတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အရင်တခါလည်း အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ လာပစ်တယ်။ ထိခိုက်ဒဏ်ရာပဲ ရခဲ့တယ်။ စစ်ကောင်စီက ရဲဗလဘွဲ့ ပေးတယ်။ ဒီတခါတော့ အုပ်ချုပ်ရေးမှူးအိမ်ထဲအထိ ဝင်ပစ်တာ။ သူဇနီးကတော့ ဒဏ်ရာရတယ်။ ဆေးရုံပို့ထားတယ် အုပ်ချုပ်ရေးမှူးကတော့ နေရာတင် သေဆုံး သွားတယ်"လို့ ပြောပါတယ်။

ကူမဲမြို့ ဆယ်ရွာရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဖြစ်သူတို့ကို ဘယ်အဖွဲ့ ဘယ်သူတွေက သေနတ်နဲ့ ပစ်ခတ်တယ် ဆိုတာ မသိရှိရသေးပါဘူး။

//
More News
Up