Home
မြန်မာသတင်း
၆ လအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးများကို ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
DVB
·
June 26, 2022

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန် ၂၆ ရက်နေ့ ဒီဗန့ ကျရောက်တဲ့ ၃၅ ကြိမ်‌မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က ၆ လတာအတွင်း ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးတွေကို ဖျက်ဆီးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအောက်ရှိ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပပြီး ဖျက်ဆီးခဲ့တာလို့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က သိရပါတယ်။

အခမ်းအနားကို ဒီနေ့မနက် စတင်ခဲ့ပြီး ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ၊ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS)  ဝင်တွေ၊ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF Kalay) တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ရပ်/ကျေးပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီအခမ်းအနားမှာ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (KPS) အခြေစိုက်စခန်း တည်ရှိရာနေရာတွေမှာ ၆ လတာအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး ဘိန်းဖြူ (၂၉၃) ဂရမ်၊ ကာလတန်ဖိုး (၂,၆၄၅,၀၀၀) ကျပ်၊ ဘိန်းမည်း (၂,၉၈၃) ဂရမ် ကာလတန်ဖိုး (၈,၀၀၀,၀၀၀)ကျပ်၊ WY တံဆိပ်ပါစိတ်ကြွဆေးပြား ၃,၉၅၄ ပြား၊ ၄၅၂ ဂရမ်၊ ကာလတန်ဖိုး ၁,၃၁၀,၀၀၀ ကျပ်၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆေးထိုးအပ် ၁ ချောင်းတို့အား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024