ငွေကြေးအလွဲသုံးမှု တသက်တကျွန်း ပြစ်ဒဏ်ချ
Published By
DVB | 29 March, 2014
934
0
Share
0
Comment
0
Likes

ဓာတ်မြေသြဇာဖိုး ကျပ်ငွေ သိန်း ၂၆၀၀ ကျော် အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကွေးတိုင်း မင်းဘူးခရိုင် တရားရုံးကနေ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးလှဌေးကို တသက်တကျွန်း ထောင်ဒဏ် ချမှတ်လိုက်တယ်လို့ အစိုးရ သတင်းစဉ် ဖော်ပြချက်အရ သိရပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပြဋ္ဌာန်း၊ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်း တာဝန်ပေးအပ်အပြီးမှာ အများပြည်သူပိုင် ငွေကြေး အလွဲသုံးမှုနဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး ၁ ယောက်ကို ခုလို အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်လိုက်တဲ့ သတင်း ပထမဦးဆုံးအကြိမ် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။