ပြည်သူလူထုက ထောက်ပံ့လှူဒါန်းပေးတဲ့ လက်နက်တွေ ရောက်ရှိခဲ့ပြီလို့ တမူးမြို့အခြေစိုက် တမူးပြည်သူ့ရဲတပ်ဖွဲ့က ဇွန် ၂၅ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
လက်နက်ဝယ်ယူရတာခက်ခဲပြီး သယ်ယူရမှာလည်း လမ်းကြောင်းအခက်အခဲတွေကြောင့် ကြာမြင့်နေတာဖြစ်ပြီး အခုတော့ လက်နက်တွေ ရောက်ရှိလာပြီလို့ Fighter Police CDM Tamu က ဆိုပါတယ်။
"Fighter Police CDM Tamu အတွက် အလှူရှင်များမှ လှူဒါန်းသော M16A1 တလက် ကျည် ၁၀၀၊ AK 47 တလက် ကျည် ၁၀၀ တို့ရောက်ရှိလာပါပြီဗျ၊ အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ပါတယ်။"
ဒီထက်ပိုပြည့်စုံတဲ့ လက်နက်တွေရရှိနိုင်ဖို့ ပြည်သူလူထုအနေနဲ့ တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းကြဖို့နဲ့ စစ်အာဏာရှင်ကျဆုံးရေးအတွက် အစွမ်းကုန်တော်လှန်သွားမယ်လို့ တမူး PDF က ဆိုပါတယ်။
လတ်တလောမှာတော့ တမူးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ထိုးစစ်ဆင်နေမှုကို ခံနေကြရပြီး စစ်ကောင်စီတပ်နဲ့ တမူး PDF တပ်ဖွဲ့ဝင်များကြား တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် တမူးမြို့နယ်နဲ့ ကလေးမြို့နယ်ကြားကိုလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး စစ်ဆင်နေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေး-တမူးလမ်းပိုင်းမှာ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ ဇွန် ၂၂ ရက်နေ့ကစပြီး ကလေး-တမူး လမ်းကြောကို ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ တမူး PDF က သတိပေးထားပါတယ်။