DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားနဲ့ အစိုးရလုပ်ဆောင်တဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် ကေအဲန်ယူ ပေါင်းစည်းရေးဆွဲ
DVB
·
March 28, 2014
တိုင်းရင်းသားနဲ့ အစိုးရလုပ်ဆောင်တဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် ကေအဲန်ယူ ပေါင်းစည်းရေးဆွဲ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူရဲ့ အရေးပေါ် အစည်းအဝေးအတွင်း တနိုင်ငံလုံး အပစ်ခတ်ရပ်ဆိုင်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ ချုပ်ဆိုထားတဲ့ လော်ခီးလာစာချုပ်နဲ့ အစိုးရဖက်က နောက်ဆုံး ပြင်ဆင်ထားတဲ့ စားချုပ်နှစ်ခုကို တခုထဲဖြစ်အောင် ပြင်ရေးစွဲပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပြန်လည် သုံးသပ်မှုတွေလုပ်ဆောင်ခဲ့ တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

[caption id="attachment_50682" align="alignleft" width="300"]၂၀၁၄ ခုနှစ် ဇန်န၀ါရီလက ပြုလုပ်ခဲ့တဲ့ လာခီးလာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက ပြုလုပ်ခဲ့တဲ့ လာခီးလာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ [/caption]လက်ရှိနိုင်ငံရေးအခြေအနေတွေကို သုံးသပ်ညှိနှိုင်းဆွေးနွေးဖို့ ကေအဲန်ယူ ဗဟိုအမြဲတမ်း ကော်မတီ ၄၅ ဦးရဲ့ အရေးပေါ်အစည်းအဝေးကို မတ်လ ၂၄ ကနေ ၂၇ ရက်နေ့အထိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီအရေးပေါ်အစည်းအဝေးအတွင်း လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သလို တနိုင်ငံလုံး အပစ်ခတ်ရပ်ဆိုင်းရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရဲ့ ချုပ်ဆိုထားတဲ့ လော်ဃီးလာစာချုပ်နဲ့ အစိုးရဖက်က နောက်ဆုံး ပြင်ဆင်ထားတဲ့ စာချုပ်နှစ်ခုကို တခုထဲဖြစ်အောင် ပြင်ဆင်ရေးဆွဲခဲ့တယ်လို့ ကေအဲန်ယူ အတွင်းရေးမှူး ၁ ပဒိုမန်းမန်းက ပြောပါတယ်။

ကေအန်ယူက ပေါင်းစည်းရေးဆွဲထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဆိုရာ ပြင်ဆင်ရေး သားချက်ကို တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးဆိုင်ရာညှိနှိုင်းရေး အဖွဲ့(NCCT)ကို ပေးအပ်ထားပြီး လာမယ့်လဆန်းပိုင်းမှာ ပြုလုပ်မယ့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်နဲ့ (NCCT) တွေ့ဆုံပွဲမှာ ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ကေအဲန်ယူ ဗဟိုကော်မီတီအနေနဲ့ ပုံမှန်အားဖြင့် တနှစ်တကြိမ် အစည်းအဝေး လုပ်တာဖြစ်ပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရအကြား လုပ်ဆောင်နေတဲ့ အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးဖို့အတွက် အရေးပေါ် အစည်းအဝေးခေါ်ယူခဲ့ရတာဖြစ်တယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။
အသံဖိုင် နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013