DVB Logo
Home
မြန်မာသတင်း
ကျောက်ကြီးမြို့နယ်၌ စစ်ကောင်စီတပ်က ဒေသခံများကို မောင်းထုတ်
DVB
·
June 25, 2022
ကျောက်ကြီးမြို့နယ်၌ စစ်ကောင်စီတပ်က ဒေသခံများကို  မောင်းထုတ်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေကို ထွက်ခွာသွားဖို့ စစ်ကောင်စီတပ်တွေက ဇွန် ၂၃ ရက် ညနေ ၆ နာရီလောက်က ခြိမ်းခြောက်ပြီး မောင်းထုတ်ခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကျေးရွာတွင်းကို ကေအန်ယူတပ်ဖွဲ့ဝင်တွေ ဝင်ထွက်သွားလာနေတာကို ကျေးရွာက အသိမပေးတဲ့အပြင် လက်ခံထားပြီး  ဆက်သွယ်နေတယ်ဆိုပြီး စစ်ကောင်စီရဲ့ ခမရ-၂၀၊ ခမရ-၁၂၄၊ ခမရ-၄၃၉၊ ခမရ-၃၅၀ ပူးပေါင်းတပ်တွေကို ခမရ-၂၀ တပ်ရင်းမှူးက ဦးဆောင်ပြီး ဒေသခံကျေးရွာတွေကို မတရားခြိမ်းခြောက်ပြီး မောင်းထုတ်ခဲ့တာပါ။

မောင်းထုတ်ခံရတဲ့ကျေးရွာအုပ်စု ၃ စုကတော့ ဒလဆိပ်ကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၃ ရွာ၊ ဟင်္သာဝဲကျေးရွာအုပ်စုအတွင်းက ကျေးရွာ ၄ ရွာနဲ့  ထိုးဝါးစိုက်ကျေးရွာအုပ်စုတွေဖြစ်ပြီး  ကျေးရွာပေါင်း ၈ ရွာအတွင်း အိမ်ခြေစုစုပေါင်း ၁၅၅၁ အိမ်၊ လူဦးရေစုစုပေါင်း ၈၂၃၀ နေထိုင်နေတာဖြစ်ပါတယ်။

ဒေသခံပြည်သူလူထုတွေဟာ ကျေးရွာတွေအတွင်းက မထွက်ခွာလိုကြပေမယ့် စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖယ်ရှားမှာကို  စိုးရိမ်ကြရတဲ့အပြင် လက်ရှိ မိုးရာသီကာလအတွင်း အတင်းအဓမ္မ ပြောင်းရွေ့ဖယ်ရှားခိုင်းပါက နေထိုင်စားသောက်ရေး၊ လုပ်ကိုင်နဲ့ သွားလာရေးအတွက် အခက်အခဲများစွာရင်ဆိုင်ကြုံတွေ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဇွန် ၁၉ ရက်က ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၃ ၊ ကျောက်ကြီးမြို့နယ်၊ မမယမ်းကျေးရွာ၊ ကျားသေတော(အင်းဝိုင်းကြီး)စားကျက်မြေအတွင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013