ဂျာမနီတွင် ဓာတ်ငွေ့ပြတ်တောက်နေဟု စီးပွားရေးဝန်ကြီးပြော

ဂျာမနီနိုင်ငံမှာ အခုကစပြီး ဓာတ်ငွေ့ပြတ်လပ်နေတယ်လို့ ဂျာမန်ဒုတိယအဓိပတိနဲ့ စီးပွားရေးဝန်ကြီး ရောဘတ် ဟာဘက်က ဇွန် ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဆောင်းရာသီအတွက် စွမ်းအင်ချွေတာရေးမှာ ဓာတ်ငွေ့သုံးစွဲမှုကို လျှော့ချကြဖို့လည်း ဂျာမန်ပြည်သူတွေကို တောင်းဆိုခဲ့ပါတယ်။

ရုရှားနိုင်ငံကနေ ဂက်စ်ထောက်ပံ့မှု လျော့ကျတာနဲ့ ဈေးနှုန်းကြီးမြင့်တာတွေကြောင့် ဂျာမနီရဲ့ အဆင့် ၃ ဆင့် အရေးပေါ်ဓာတ်ငွေ့ချွေတာရေး အစီအစဉ်ထဲက အဆင့် ၂ ကို ဝင်ရောက်လာပြီလို့ စီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

အစိုးရက ရေရှည် ဓာတ်ငွေ့အထောက်အပံ့ ပြတ်တောက်မှုအန္တရာယ် မြင့်မားလာကြောင်း တွေ့ရချိန်မှာ အဆင့် ၂ သတိပေးအဆင့် စတင်လာတာပါ။ ပင်မပေးသွင်းတဲ့ ရုရှားနိုင်ငံမှ ဓာတ်ငွေ့စီးဆင်းမှု လျော့နည်းလာမှုနဲ့ ရင်ဆိုင်လာရတဲ့ ဂျာမနီဟာ မတ်လကုန်ကတည်းက အရေးပေါ်အစီအစဉ်မှာ အဆင့် ၁ ကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။

//
More News
Up