ရန်ကုန်အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိက လုပ်ခွင့်ပေးမည်

591
ရန်ကုန်မြို့တော် အမှိုက်သိမ်း လုပ်ငန်းကို မြို့တော်စည်ပင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက တာဝန်ယူ လုပ်ကိုင်နေရာကနေ ပုဂ္ဂလိကကို လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးသွားမှာဖြစ်လို့ စိတ်ဝင်စား လုပ်ကိုင်လိုတဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေကို တင်ဒါ ခေါ်ထားတယ်လို့ သန့်ရှင်းရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
တင်ဒါ အဆိုပြုလွှာတွေကို လာမယ့် ဧပြီ ၃၀ နောက်ဆုံးထား တင်ပြရမှာဖြစ်ပြီး ပြည်သူတွေ ဆီကနေ ၀န်ဆောင်ခ အနည်းဆုံး ကောက်ခံဖို့ အဆိုပြုတဲ့ ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။