DVB Logo
Home
မြန်မာသတင်း
တလတာတိုက်ပွဲ ၄ ကြိမ်အတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးဟု မြန်မာ့တော်ဝင်နဂါးတပ်တော်ထုတ်ပြန်
DVB
·
June 24, 2022
တလတာတိုက်ပွဲ ၄ ကြိမ်အတွင်း စစ်ကောင်စီတပ်သား ၇၀ ခန့်သေဆုံးဟု မြန်မာ့တော်ဝင်နဂါးတပ်တော်ထုတ်ပြန်
Donate to DVB

တလတာတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က အယောက် ၇၀ လောက် သေဆုံးခဲ့တယ်လို့ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) က ထုတ်ပြန်ပါတယ်။

ဇွန် ၂၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဆိုပါ ထုတ်ပြန်ချက်မှာတော့ အခုဇွန်လထဲမှာ စစ်ကောင်စီနဲ့ အကြီးအသေး ထိတွေ့မှုပေါင်း ၄ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြထားပြီး တော်လှန်ရေးအရှိန်အဟုန်မြှင့် ကြိုးစားနေကြောင်းလည်း ဖော်ပြထားတာပါ။

ဒါ့အပြင် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အ​နေနဲ့ ပုလဲမြို့နယ်ကို အခြေပြုထားပြီး ထိစပ်နေတဲ့ ကနီမြို့နယ်၊ဘုတလင်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ဆားလင်းကြီးမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တွေအထိ စစ်ရေးလှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းပြီး ပထဝီအနေထားအရလည်း အရေးပါတဲ့ စစ်ဒေသတစ်ခုဖြစ်တာကြောင့် တော်လှန်ရေးအားစိုက်တဲ့ မိဘပြည်သူတွေအနေနဲ့ ဆက်လက်အားထည့်ပေးကြဖို့နဲ့ တနှစ်ကျော်စိုက်ထုတ်ခဲ့တဲ့ ကြိုးစားမှုတွေ  အချည်းနှီး မဖြစ်စေဖို့ ဆက် လက်အားထည့်ပေးဖို့ လိုအပ်ကြောင်းလည်း မေတ္တာရပ်ခံထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013