Home
မြန်မာသတင်း
စစ်တွေတွင် စစ်ကောင်စီတပ်အရာရှိ ၁ ဦးကို အေအေဖမ်းဆီး
DVB
·
June 23, 2022
289251509_768299584192437_2670457547283450520_n

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီတပ် အရာရှိတယောက်ကို ဇွန် ၂၃ ရက် မွန်းလွဲပိုင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သုံးပွင့်အဆင့်ရှိ စစ်ကောင်စီတပ်ဗိုလ်ကြီး မင်းဂံရပ်ကွက်တနေရာမှာ အေအေက ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ဟုတ်တယ်။ မင်းဂံနားမှာ ဖမ်းသွားလို့ မင်းကံမြို့ဝင် မုခ်ဝကနေ ဗန္ဓုလခွဆုံအထိ ကားအသွားအလာတွေကို ပိတ်ဆို့စစ်ဆေးနေတယ်။”

လက်ရှိ စစ်တွေမြို့ရှိ လမ်းတွေမှာ လုံခြုံရေးချထားတာကြောင့် လူအသွားအလာ ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

စစ်တွေမြို့ခံတဦးက “ဟုတ်ပါတယ်။ ဖမ်းသွားတဲ့သတင်း ကျယ်ပြန့်စွာထွက်လာပြီး စစ်တွေမြို့မှာ စစ်ကားတွေ အပြည့် နေရာချထား ယူထားကြတော့ လူတွေက နေအိမ်တွေမှာပဲ နေထိုင်နေကြတယ်” လို့ ပြောပါတယ်။‌

စစ်တွေမြို့အဝင် ဂိတ်လမ်းမှာလည်း စစ်ဆေးနေတာကြောင့် ကားအသွားအလာ ရာချီပြီး ပိတ်ဆို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024