DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံသားပိုင် GTIG Huasheng အထည်ချုပ်စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
DVB
·
June 23, 2022
တရုတ်နိုင်ငံသားပိုင် GTIG Huasheng အထည်ချုပ်စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Donate to DVB

ရွှေပြည်သာစက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် GTIG Huasheng (Myanmar) အထည်ချုပ်စက်ရုံဟာ ILO ရဲ့ Convention မှာပါရှိတဲ့ အပိုဒ် ၈၇ အချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ILO ရဲ့ Convention မှာပါရှိတဲ့ အပိုဒ် ၈၇ အရ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို လိုက်နာရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းစက်ရုံက လိုက်နာမှု မရှိတဲ့အပြင် အလုပ်ရှင်က ဖွဲ့စည်းထားရှိတဲ့ အယောင်ဆောင်သမဂ္ဂ (Yellow Union) နဲ့ လက်ဝါးချင်းရိုက်ပြီး နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေကို လက်ခံချုပ်လုပ်ပေးနေတာပါ။

အလုပ်သမားသမဂ္ဂခေါင်းဆောင်တဦးက “အဲဒီစက်ရုံက PEP&CO နဲ့ Primark အမှတ်တံဆိပ်နဲ့ အထည်တွေကို ချုပ်လုပ်ပေးနေတာ။ Primark ဆိုရင် ထွက်သွားပြီဆိုတဲ့ ကုန်အမှတ်တံဆိပ်နော်။ ပြောချင်တာက ဒီနာမည်ကြီးအမှတ်တံဆိပ်တွေဟာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို လိုက်နာပါမယ်၊ မတားဆီးပါဘူး၊ စက်ရုံမှာလည်း အလုပ်သမားတွေသမဂ္ဂ ဖွဲ့တာကို မကန့်ကွက်ဘူး၊ အားပေးပါတယ်ပေါ့။ ဒါပေမယ့် အမှန်တကယ် သူတို့လုပ်နေတာက အယောင်ဆောင်သမဂ္ဂ (Yellow Union) ဖွဲ့ပြီးတော့ လုပ်နေတယ်။ ဆိုတော့ သမဂ္ဂဖွဲ့ခြင်း၊ မဖွဲ့ခြင်းဟာ အလုပ်သမားတွေနဲ့ဘဲ သက်ဆိုင်တယ်။ အလုပ်ရှင်တွေနဲ့ မသက်ဆိုင်ဘူး။ ဒီအပေါ်မှာ အလုပ်ရှင်တွေက ဦးဆောင်ပြီး အလုပ်သမားသမဂ္ဂကို ဖွဲ့စည်းခွင့်မရှိသလို ဖျက်ဆီးခွင့်လည်း မရှိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဒီစက်ရုံဟာ အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းပြီး အချိန်ပိုကြေးကို ပြည့်ပြည့်ဝဝ မပေးတဲ့အပြင် ခေါင်းပုံဖြတ်မှုတွေလည်း ရှိနေတာပါ။

အထည်ချုပ်ဝန်ထမ်းတဦးက “အချိန်ပိုတွေ ခေါ်ပြီး အလုပ်သမားတွေကို ထိုက်သင့်တဲ့ လစာ မပေးဘူး။ မပေးတဲ့အပြင် အခုဆိုရင် ဘာလုပ်လဲဆိုတော့ Yellow Union တွေနဲ့ ပေါင်းပြီးတော့ အလုပ်သမားတွေက Gate Pass ထွက်လို့ရှိရင် အဲဒီ Gate Pass က ပိုက်ဆံဖြတ်တယ်။ အဲ့ဒါကလည်း ဘယ်သူတွေကို ဖြတ်လဲဆိုရင် အလုပ်သမားတွေက ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေဆိုရင် ဖြတ်တယ်။ ဘယ်လောက်အထိ ဖြတ်လဲဆိုရင် လစာထုတ်တဲ့အခါ ၆ သောင်းကနေ ၈ သောင်းအထိ အဖြတ်ခံရတယ်။ အဲဒီပြဿနာကို အလုပ်သမားရုံးမှာ သွားဖြေရှင်းကြသေးတယ်။ ဒါပေမယ့် ရှင်းရှင်း ပြောရင် စက်ရုံပိုင်ရှင်က စစ်ကောင်စီ လက်အောက်မှာရှိတဲ့ ရွှေပြည်သာမြို့နယ်က အလုပ်သမားရုံးတွေနဲ့ ပေါင်းပြီးတော့ အလုပ်သမားတွေကို ခေါင်းပုံဖြတ်ဖိနှိပ်ထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် GTIG Huasheng (Myanmar) အထည်ချုပ်စက်ရုံဟာ အထည်ချုပ်ဝန်ထမ်းအသိုင်းအဝန်းကြားမှာ ကော်ထိုက် အမည်နဲ့ လူသိများပြီး အထည်ချုပ်စက်ရုံ ၆ ရုံ ရှိကာ စက်ရုံ ၁ ရုံမှာ အထည်ချုပ်ဝန်ထမ်း ထောင်ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013