တရုတ်နိုင်ငံတွင် အပူလှိုင်းဖြတ်ပြီး ကောက်ပဲသီးနှံများ ပျက်စီး

တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အပူလှိုင်းတွေဖြတ်နေလို့ လယ်မြေတွေထဲက ကောက်ပဲသီးနှံတွေ ပျက်စီးကုန်တယ်လို့ အစိုးရသတင်းဌာန CCTV က ဇွန် ၂၃ ရက်မှာ ကြေညာပါတယ်။
ရှင်းကျန်းနဲ့ ရှန်းရှီးပြည်နယ်တွေအပါအဝင် ဒေသအတော်များများမှာ အပူချိန်မြင့်နေလို့ တရုတ်မိုးလေဝသဆိုင်ရာ စီမံခန့်ခွဲရေးရုံးက လိမ္မော်ရောင်အဆင့် တပ်လှန့်သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
ရှန်းရှီးပြည်နယ် ကျင်းချန်မြို့မှာ မိုးခေါင်တာကာကွယ်ဖို့ ရေလောင်းတဲ့စနစ်တွေကို စိုက်ပျိုးရေးပညာရှင်တွေက လယ်သမားတွေကို သင်ပေးနေကြပါတယ်။
ဒီသီတင်းပတ်ထဲမှာ ဒေသအတွင်း အပူချိန်တွေဟာ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်အထက်မှာရှိမယ်လို့ မျှော်လင့်ထားကြောင်း အစိုးရလက်အောက်ခံ မိုးလေဝသဌာနက ခန့်မှန်း ပြောထားပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာတော့ ရေကြီးနေပြီး ယန်ဇီမြစ်တလျှောက် ရေကြီးလို့ အိမ်ခြေ ၃ သန်းလောက် ပျက်စီးခဲ့ကာ အနီရောင်အဆင့် ရေဘေး တပ်လှန့်သတိပေးချက် ထုတ်ပြန်ထားရပါတယ်။