မယ်လမမြို့နယ်တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၂ ဦး ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၂ ဦးကို မယ်လမမြို့နယ်ထဲမှာ  ဒီနေ့မနက် ၃ နာရီလောက် ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ကရင်ပြည်နယ် မဲဆောက်မြို့ကနေ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ကျား ၂၉၊ မ ၁၃ ဦး စုစုပေါင်း ၄၂ ဦးကို ထိုင်းပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ဟာ ပွဲစားကို တဦး ဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ အထိ ပေးပြီး လာကြတာလို့ ထိုင်းစစ်တပ်သတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးမိတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ဘန်ကောက်မြို့ စုရထာနီမြို့၊ စမွတ်ပါကားမြို့နဲ့ ချွန်ဘူရီမြို့တို့မှာ အလုပ်သွားလုပ်ဖို့ လာကြတာဖြစ်ကြောင်း မြန်မာအလုပ်သမားတဦးက ထွက်ဆိုထားပါတယ်။

ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ထိုင်းအမှတ် ၃၅ ခြေမြန်တပ်ရင်း နဲ့ တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ ကျန်းမာရေး စစ်ဆေးပြီး တာ့ခ်ခရိုင် မဲ့လမတ်မြို့မရဲစခန်းကို လွှဲ ပြောင်းပြီး ထိုင်းဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

//
More News
Up