ဇွန် ၂၁ ရက်မှာကျရောက်တဲ့ ၁၄၇ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၂၉ ယောက်ကို လွှတ်ပေးလိုက်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီက ကြေညာပါတယ်။
ပြန်လွတ်လာသူတွေအထဲမှာ Non CDM ၂၂ ဦး၊ စစ်ကောင်စီ သတင်းပေး ၅ ဦးနဲ့ မူးယစ်ဆေးမှုနဲ့ ၂ ဦးတို့ပါဝင်ပြီး သူတို့ကို နောက်ထပ်မလုပ်ဖို့ ခံဝန်ကတိတွေ လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တာလို့ ကရင်နီပြည် ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ကိုဘိုဘိုက ပြောပါတယ်။
“၁၄၇ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား ၂၉ ဦးကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဝန်ခံကတိနဲ့ ကျနော်တို့ လွတ်ပေးခဲ့တာ။”
ပြန်လွှတ်ပေးလိုက်တဲ့ ၂၉ ဦးထဲက ၂၄ ဦးဟာ အကျယ်ချုပ်အနေနဲ့ ချုပ်နှောင်ထားသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းလည်း ကရင်နီဘက်ကမှာ ဖမ်းဆီးထားသူထဲက ၂၄ ဦးကို လွှတ်ပေးခဲ့ပြီး အခု နောက်ထပ် ၂၉ ဦးထပ်မံလွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။