
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီး လူ ၅ ယောက်ထက်ပိုမစုဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ကြဖို့ သက်ဆိုင်ရာက မြို့ပေါ်မှာ လိုက်လံ နှိုးဆော်နေတယ်လို့ စစ်တွေမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။
[caption id="attachment_53970" align="alignleft" width="300"]
စစ်တွေမြို့ပေါ်ရှိ အိုင်အန်ဂျီအိုရုံးတွေကို မတ်လ ၂၇ ရက် မနက်ပိုင်းကစပြီး မြို့ခံတွေက လူစုလူဝေးနဲ့ လိုက်လံဖျက်ဆီးနေကြ တာကြောင့် အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက် တာ ဖြစ်ပါတယ်။
စစ်တွေမြို့ပေါ်မှာ အိုင်အန်ဂျီအို ရုံးပေါင်း ၅၀ လောက် တည်ရှိပြီး အခုအခါ ရုံးတိုင်းလိုလိုကို လိုက်လံဖျက်ဆီးနေ တာလို့လည်း ဦးအောင်မြတ်ကျော်က ပြောပါတယ်။
ဦးအောင်မြတ်ကျော်ကိ ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
၂၀၁၂ ရခိုင်ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း စစ်တွေမြို့မှာ ဒါပထမဆုံးအကြိမ် ပုဒ်မ ၁၄၄ ထုတ်ပြန်တာ ဖြစ်ပါတယ်။ အသံဖိုင်နားဆင်ရန်