စစ်တွေတွင် ညမထွက်ရအမိန့် ထုတ်ပြန်

မနေ့ညက ပဋိပက္ခ ဖြစ်ပွားစဉ် (ဓာတ်ပုံ - April Maung Maung)
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ညမထွက်အရအမိန့် ထုတ်ပြန်လိုက်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။ [caption id="attachment_53945" align="alignright" width="300"]မနေ့ညက ပဋိပက္ခ ဖြစ်ပွားစဉ် (ဓာတ်ပုံ - April Maung Maung) မနေ့ညက ပဋိပက္ခ ဖြစ်ပွားစဉ် (ဓာတ်ပုံ - April Maung Maung)[/caption] မတ် ၂၆ ရက် ညပိုင်းမှာ စစ်တွေမြို့ ကျောင်းတက် လမ်း ရပ်ကွက်ထဲမှာ အိုင်အန်ဂျီအို တခုက နိုင်ငံခြားသူတဦးဟာ သာသနာ့အလံ ကို ဘောင်းဘီကြားထဲ ညှပ်တာ တွေ့မြင်ပြီး အဲဒီ အိုင်အန်ဂျီအိုရုံးကို ရာနဲ့ချီတဲ့လူအုပ်က ခဲတွေနဲ့ ၀ိုင်းပေါက်ခဲ့ကြလို့ ရဲတပ်ဖွဲ့ က သေနတ်ပစ်ဖောက်ပြီး လူစု ခွဲခဲ့ရပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ရာနဲ့ချီတဲ့ မြို့ခံတွေက စစ်တွေမြို့ပေါ်ရှိ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (အိုင်အန်ဂျီအို) ရုံးတွေကို ခဲတွေနဲ့ ၀ိုင်းဝန်း ပစ်ပေါက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အခုလို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာပါ။ ဆက်လက်ဖော်ပြပါမည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up