Home
မြန်မာသတင်း
မြန်မာလုပ်သား ၁၀၀၀ ကျော် နစ်နာကြေး ဘတ်သန်း ၅၀ ရရှိ
နော်နိုရင်း
·
March 27, 2014
1981892_752661658091993_1754618714_n

ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ ပုစွန်စက်ရုံတခုမှာ မြန်မာအလုပ်သမား ၁၂၀၀ ကို အလုပ်ကရပ်ဆိုင်းတဲ့ အလုပ်ရှင်က အလုပ်သမားတွေကို နစ်နာကြး ဘတ်သန်း ၅၀ ပေးလျော်ဖို့ သဘောတူညီချက် ရရှိသွားပါတယ်။

[caption id="attachment_53955" align="alignright" width="300"]1981892_752661658091993_1754618714_n ဓာတ်ပုံ - min min chit[/caption]

မဟာချိုင်ဒေသ စီပီအက်ဖ် ပုစွန်စက်ရုံဟာ ကုန်ကြမ်း မရှိတော့လို့ ဒီစက်ရုံကို ပိတ်မှာ ဖြစ်တဲ့အတွက် စက်ကန်ထရိုက်မှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၁ ထောင်ကျော်ကို တဖြည်းဖြည်းချင်း အလုပ်ဖြုတ် တာ ဖြစ်ပါတယ်။

ပုစွန်လုပ်ငန်း အဆင် မပြေ ဖြစ်ပွားပြီးနောက် ဒီနှစ်ဆန်းကစလို့ နစ်နာကြေး မရရှိဘဲ အလုပ်သမား ၁၀၀ ကျော်လောက် အလုပ်ထုတ်ခံခဲ့ရပြီးနောက်  အလုပ်သမားတွေက  ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ထံ သွားရောက် တင်ပြ တိုင်တန်းခဲ့ပါတယ်။

ဒီနောက်ပိုင်း ထိုင်းအစိုးရ၊ လုပ်ငန်းရှင်၊ အလုပ်သမားနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ဆွေးနွေးပြီနောက်ပိုင်း အခုလို လျော်ကြေးပေးဖို့ သဘောတူညီချက် ရခဲ့တာလို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအနေနဲ့ အခုလို လျော်ကြေး တရားဝင်ရရှိတာဟာ ဒီတကြိမ်ဟာ ငွေကြေးပမာဏအားဖြင့် အများဆုံးဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီလို အလုပ်မဖြုတ်ခင်မှာ  အလုပ်ရှင်က တခြားအလုပ်ရုံက တာဝန်ရှိသူတွေကို ခေါ်လာပြီး အလုပ်ဆက်လုပ်လို့ရအောင် ဆွေးနွေးပေမယ့် အများစုက လျော်ကြေးငွေသာ လိုချင်တဲ့အတွက် မတ် ၂၅ ရက်နေ့မှာ  သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အလုပ်သမားခေါင်းဆောင် ဦးဆန်းဝင်းက ပြောပါတယ်။

နစ်နာကြေး ပေးလျော်မှုအရ အလုပ်သမားတွေဟာ လုပ်သက်အပေါ် မူတည်ပြီး အနည်း ဆုံး ၉ ထောင်ကနေ ၁ သိန်းကျော်ရရှိကြမယ်လို့လည်း  ဦးဆန်းဝင်းအောင်က ပြောပါတယ်။           နစ်နာကြေးတွေကိုတော့ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာကျမှ အေတီအမ် ကနေတဆင့် လွှဲပးမှာ ဖြစ်တယ်လို့ အလုပ်ရှင်နဲ့ အလုပ်သမားအကြား လက်မှတ်ရေး ထိုးခဲ့ကြတယ်လို့ ပြောပါတယ်။

စီပီအက်ဖ် ပုစွန်စက်ရုံကို ပိတ်ပြီး နောက်လုပ်ငန်းတခုကို ပြောင်းလဲဖွင့်ဖို့ အလုပ်ရှင်က စီစဉ်နေတာ ဖြစ်ပြီး မိမိတို့ စက်ကန်ထရိုက်သမား ၁၂၀၀ ကို ဖြုတ်တာဖြစ်ပြီး အဲဒီစက်ရုံမှာ အလုပ်သမား တချို့ကျန်နေသေးတယ်လို့ ဦးဆန်းဝင်းအောင်က ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024