Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများနှင့်အတူ မွေးနေ့ကိတ်ခွဲ
DVB
·
June 20, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ကကျရောက်တဲ့ သူ့ရဲ့အသက် ၇၇ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ဒီနေ့ ဇွန် ၂၀ ရက်နေ့ တရားရုံးထုတ်မှာ မွေးနေ့ကိတ် ယူဆောင်လာပြီး ရှေ့နေတွေနဲ့အတူ ကိတ်မုန့်ခွဲခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါ တယ်။

ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ပတ်သက်တဲ့ အဂတိမှုတွေကို နေပြည်တော်တရားရုံးမှာ ဒီနေ့ရုံးထုတ်ခဲ့ပြီး ရုံးထုတ်မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်က  အခုလို မွေးနေ့ ကိတ်ခွဲခဲ့တာလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့ရုံးထုတ်မှာ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုတွေထဲက ပုဒ်မတစ်ခုအတွက် ဒုတိယ၀န်ကြီး ဦးစိုးအောင်ကို အပြန်အလှန် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေ သဘာဝဘေးအန္တရာယ်ကြုံတဲ့အခါ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရုံးချိန်မှာ တရားလိုဘက်က ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ပတ်သက်တဲ့ အစိုးရနဲ့ ကုမ္ပဏီကြား စာချုပ်စာတမ်း ကို တင်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024