DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့တွင် စစ်ဘေးရှောင် အမျိုးသမီးနှစ်ဦး မိုင်းထိ၊ တဦး အခြေအနေစိုးရိမ်ရ
DVB
·
June 20, 2022
ပလက်ဝမြို့တွင် စစ်ဘေးရှောင် အမျိုးသမီးနှစ်ဦး မိုင်းထိ၊ တဦး အခြေအနေစိုးရိမ်ရ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့ ဘောလုံးကွင်း စစ်ဘေးရှောင်စခန်းက အမျိုးသမီးနှစ်ဦး ဇွန် ၂၀ ရက်နေ့ မနက်ပိုင်းက ဟင်းစားရှာသွားစဉ် မိုင်းနင်းမိတာကြောင့် ဒဏ်ရာရရှိခဲ့ကြပြီး တဦး  အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

စခန်းတာဝန်ခံ ဦးနီလှအောင်က “သူတို့နှစ်ယောက်က ဒီနေ့ မနက်ပိုင်းက ဟင်းရှာဖို့သွားကြတာ။ မနက် ၉ နာရီကျော်လောက်မှာ ပလက်ဝမြို့နဲ့ အဘောင်းသားရွာကြားမှာ မိုင်းနင်းမိကြတာဖြစ်ပါတယ်။ ဒေါ်ဝင်းခင်ဆိုတဲ့ တယောက် မျက်လုံးတဖက်ထွက်သွားတယ်။ ဘယ်လား ညာလားဆိုတာ မသိရသေးဘူး။ ဆေးရုံးမှာစစ်ဆေးနေကြတယ်။ ခြေတွေကတော့ မရလိုက်တော့ဘူး။ အခြေနေက တော်တော်လည်းဆိုးတယ်။ အသက်တောင် ရချင်မှ ရတော့မယ်။ နောက်တယောက်ကတော့ ဒဏ်ရာသိပ်မပြင်းထန်ဘူး” လို့ ပြောပါတယ်။

အခု မိုင်းထိသွားသူ နှစ်ဦးမှာ စကားချောင်းကျေးရွာက အသက် ၃၈ နှစ်အရွယ် ဒေါ်ဝင်းခင်နဲ့ တခြားတရွာက အသက် ၅၀ နှစ်အရွယ် ဒေါ်ချစ်ခင်တို့ဖြစ်ကြပြီး ဒေါ်ဝင်းခင်မှာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိပါတယ်။

ပလက်ဝမြို့နယ် အဘောင်းသား ကျေးရွာအနီးမှာ မေ ၂၆ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင်တပ်တော်(အေအေ) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ ကျေးရွာအနီးမှာ နှစ်ဖက်တပ်တွေ တပ်စွဲထားကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပလက်ဝမြို့နယ် ငချားကျေးရွာမှာ မေ  ၂၉ ရက်နေ့က လူငယ်တဦးမိုင်းထိခဲ့သလို ရခိုင်ပြည်နယ် ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်မြို့နယ်တွေမှာလည်း ဇွန်အတွင်း မိုင်းထိပြီး သေဆုံးသူ ၂ ဦးရှိကာ ဒဏ်ရာရရှိသူ ၃ ဦးအထိ ရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းအန္တရာယ်တွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်တွေ တပ်စွဲထားတဲ့ နေရာတွေကို မသွားကြဖို့ ရက္ခိုင်တပ်တော်(အေအေ) က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013